ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိဖို့ NUG ပူးပေါင်းဆောင်ရွက်မယ်လို့ သဝဏ်လွှာပေးပို့
ဒီမော့ဆို – ဩဂုတ်(၉) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိရေးအတွက် ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန် ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့တာပါ။ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရဲ့ သဘောထားဆန္ဒဆုံးဖြတ်ချက်မပါဝင်ပဲ တချို့သော ကရင်နီခေါင်းဆောင်တွေက ဖဆပလ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့ လက်မှတ် ရေးထိုးခဲ့တဲ့အတွက်…