TLT Tv||- တရုတ်နိုင်ငံက ထိုင်ဝမ်အရာရှိ (၇) ဦးကို ပိတ်ဆို့အရေးယူ
https://youtu.be/mfXFQ4ADcHM
https://youtu.be/mfXFQ4ADcHM
https://youtu.be/ryPTpGkVG14
https://youtu.be/ZGYRBvskfIA
မော်လမြိုင် – ဩဂုတ်(၁၇) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စနိုလင်းဟေဇာ ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ကောင်စီရဲ့ မသေရုံတမယ်ဖြစ်နေတဲ့အာဏာကို အသက်ဆက်ပေးရုံ သက်သက်ရောက်လာတာ မဖြစ်စေချင်ဘူးလို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) ရဲ့ ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါ တယ်။ မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံကို ဩဂုတ်လ(၁၆) ရက်နေ့မှဦ ရောက်ရှိလာတယ်လို့…
ချောင်းဆုံ ၊ ဩဂုတ် ၁၇ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကဒါနဲ့ကလော့ကျေးရွာမှာ ဩဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက တောင်မြေပြိုတာကြောင့် လူနေအိမ် (၆)လုံးနဲ့ အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ကဒါကျေးရွာမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်မြေပြိုကျတဲ့အတွက် နေအိမ် (၂)လုံး ထိခိုက် ပျက်စီး သွားသလို တောင်မြေတွေ…
ရန်ကုန် – ဩဂုတ်(၁၇) ရန်ကုန်မြို့မှာ ဩဂုတ်လ(၁၆) ရက်နေ့ ညကစပြီး ဒီနေ့ ဩဂုတ်လ(၁၇) ရက်နေ့ မနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာနေတဲ့အတွက် မြို့တွင်းအနိမ့်ပိုင်းမြို့နယ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကားလမ်းမပေါ်တွေအထိရေတက်နေလို့ YBS ယာဉ်လိုင်းတချို့ ထွက်မရတော့တဲ့အတွက် အလုပ် သွားသူတချို့လည်း အိမ်ပြန်လှည့်ခဲ့ရသလို စက်ရုံတွေထဲထိ ရေတွေဝင်လာလို့ အလုပ်သမား တွေကို…
ရန်ကုန် ၊ သြဂုတ် (၁၇) ရန်ကုန်သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘောတွေ ဝင်ရောက်နေပေမယ့် စစ်ကောင်စီရဲ့ ခွဲတမ်းစနစ်ကြောင့် ဆီရရှိမှု ကြာန့်ကြာနေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတဝန်းမှာ ဩဂုတ် ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုနဲ့အတူ ခွဲတမ်းစနစ်ကြောင့် စက်သုံးဆီ ပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရသလို ပြည်သူတွေအများစုကလည်း ဆီရရှိဖို့အတွက် အချိန်ကုန်ခံ…
နယူးယောက်၊ သြဂုတ် ၁၇ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ အီလွန်မက်စ်က အင်္ဂလန်အခြေစိုက် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို ဝယ်ယူသွားမယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ အီလွန်မက်ရဲ့ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ်ဆိုတဲ့ ရေးသားချက်ဟာ အမှန်တကယ်လုပ်ဆောင်ဖို့ ဘယ်လောက်ထိရှင်းရှင်းလင်းလင်းရှိနေသလဲဆိုတာကိုတော့ အတိအကျမပြောနိုင်နေပါဘူး။ ကျွန်တော် မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို ဝယ်ယူသွားမယ်ဆိုတာကိုတော့ အီလွန်မက်စ်က တွစ်တာမှာ ရေးခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို အမေရိကန်က ဂလေဇာမိသားစုက ပိုင်ဆိုင်မှုကို…
မော်လမြိုင် ၊ သြဂုတ် (၁၇) စစ်ကောင်စီရဲ့ ငွေကြေးမူဝါဒ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာဈေးနဲ့အပြိုင် ထိုင်းဘတ်ငွေဈေး အဆမတန် မြင့်တက်လာနေတဲ့အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားထားကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ထိုင်းငွေကြေးဟာ ဩဂုတ် ဒုတိယအပတ်အတွင်း တစ်ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားလာကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့…
ရေး ၊ သြဂုတ် (၁၇) မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာပြီးနောက် လိုသလောက် ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၁၆၀၀ နီးပါးထိ တိုးမြှင့်လိုက်ကြောင်း ကုမ္ပဏီဘက်က အသိပေးလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့ ဒေသဖြစ်တာကြောင့် ပုဂ္ဂလိလျှပ်စစ်မီးဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကနေ…