Radio Than Lwin Times(18/8)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်က ကျေးရွာတွေမှာ PDF အကြမ်းဖက်သမားများ ထောင်ထားတဲ့ ဗုံးများပေါက်ကွဲပြီး မီးလောင်…
တနင်္သာရီ ၊ သြဂုတ် (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအနီးမှာ သြဂုတ် ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F)က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်က တပ်အင်အား ၄၀ လောက်နဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့အတွက် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F)တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ သြဂုတ်…
ဘာလီ – ဩဂုတ်(၂၀) တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗလာဒီမာပူတင်တို့က လာမယ် နိုဝင်ဘာလ ဘာလီကျွန်းမှာ ပြုလုပ် မယ့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတရဲ့ နှစ်ရှည် အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ National Resilience Institute အကြီးအကဲ အန်ဒီက သူ့ကို သမ္မတ ဂျိုကိုဝီက ပြောဆိုခဲ့တယ် ဆိုပြီး ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာပါ။…
လန်ဒန် ၊ သြဂုတ် (၂၀) ဗြိတိန်သည် ၂၀၂၅ ခုနှစ်မှာ လမ်းများပေါ်တွင် မောင်းသူမဲ့ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နိုင်မယ့် ဥပဒေသစ် အစီအစဥ်တွေအတွက် ရန်ပုံငွေ ပေါင် သန်း (၁၀၀) ကို အသုံးပြုသွားမယ့်အကြောင်း သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ပေါင် (၄၂) ဘီလီယံတန်ဖိုးရှိတဲ့ အလိုအလျောက်မောင်းနှင်သည့် ယာဉ်တွေအတွက် ဈေးကွက်အသစ်ကို အခွင့်ကောင်းယူလိုကြောင်း…
ဆိုးလ် – ဩဂုတ်(၂၀) တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရင် စီးပွားရေးအကူအညီတွေပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် သူ့အနေနဲ့ ပါးစပ်ပိတ်ထားသင့်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အစ်မဖြစ်သူ က ဩဂုတ်လ (၁၉) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားကို စီးပွားရေးအကူအညီပေးဖို့ အစီအစဉ်ကို ပြီးခဲ့တဲ့ မေလက ပထမဆုံး အဆိုပြုထားပြီး…
ဂန့်ဂေါ – ဩဂုတ်(၂၀) မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာက ဒလန်လို့ သတ်မှတ်ပြီး ရှင်းလင်းခံထားရတဲ့ ဆရာမ နှစ်ဦးက သူတို့နဲ့အတူ ဒလန်လုပ်ခဲ့တဲ့ အပေါင်းအပါတွေကို ထုတ်ဖော်ဝန်ခံသွားတယ်လို့ CDF KKG Battalian-5 Gangaw Region က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဆရာမနှစ်ဦးဟာ YDF ရဲဘော်တွေနဲ့ မဟာပူးပေါင်းတပ်ဖွဲ့တွေက မင်းရွာ ရဲစခန်းကိုစီးနင်း တိုက်ခိုက်ချိန်မှာလည်း စစ်တပ်…
ရန်ကုန် ၊ သြဂုတ် (၂၀) အာဏာသိမ်း စစ်အုပ်စုဘက်က လာမယ့် ခြောက်လအတွင်း တော်လှန်ရေးအင်အားစုတွေကို လေကြောင်း၊ကြည်ကြောင်းနဲ့ ပြင်းထန်တဲ့ ပူးပေါင်း စစ်ဆင်ရေးတွေ ပြုလုပ်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ပြည်သူတွေ မဲပေးရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာ သိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်ကာလ…
မော်လမြိုင် ၊ သြဂုတ် (၂၀) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆန်ဈေးနှုန်း ၂ ဆ ကျော် မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၃၂၀၀၀ ကနေ ကျပ် ၆၅၀၀၀ ကျော်ထိ မြင့်တက်လာသလို ဧည့်မထဆန်ကြမ်းကလည်း တစ်အိတ်ကို…
ဒီမော့ဆို ၊ ဩဂုတ်(၁၉) ကရင်နီပြည်နယ် ဒီမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း(၂)ခုမှာ စားနပ်ရိက္ခာလုံးဝ ပြတ်လပ်သွားတဲ့အတွက် အလှူရှင်တွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ဘေးရှောင် တစ်သိန်း ကျော်ရှိတဲ့ ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းနှစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရိက္ခာလုံးဝပြတ်လပ် သွားတာပါ။ ကရင်နီဒေသက ပျမ်းမျှ စစ်ရှောင်စခန်း(၅) ခုမှာ (၂) ခုက လုံးဝရိက္ခာပြတ်လပ်နေပြီး ကျန်တဲ့စခန်းတွေမှာလဲ…