သတင်း

ကရင်နီရဲတပ်ဖွဲ့က အကျဉ်းသား ၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဒီမော့ဆို ၊ သြဂုတ် (၁၀) ၇၄ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့နဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က အကျဉ်းသား ၇ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ညွန်ကြားချက်အရ အကျဉ်းသား ၇ ဦးကို လူသားချင် စာနာထောက်ထားမှုအနေနဲ့ ခံဝန်လက်မှတ်ရေးထိုးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်တာလို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

ကချင်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်မယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဩဂုတ်(၁၀) ကချင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုး တွေအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက်သွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ…