သတင်း

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ အာဏာသိမ်းစစ်အုပ်စုကို အထိနာတာမရှိသေးဘူး လို့ တကသများ – ရန်ကုန် ပြောဆို

ရန်ကုန် – ဩဂုတ်(၁၂) ကမ္ဘာ့နိုင်ငံအသီးသီးက စစ်အုပ်စုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်တာနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကလွဲပြီး အမှန်တကယ် အထိနာစေမယ့် အရေးယူဆောင်ရွက်တာတွေကို မတွေ့ ရသေးဘူးလို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာက တောင်းဆိုနေတဲ့ အချက်တွေထဲမှာ မြန်မာပြည်သူလူထုကို စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို မေ့ပျောက်ပြီး စေ့စပ်ဆွေးနွေးဖို့သာ မြင်တွေ့နေရတယ်လို့ ဆိုထားပါတယ်။ “နိုင်ငံတကာရဲ့…

စစ်ကောင်စီဘက်က ရပ်တည်နေတဲ့ တရုတ်ကို Freedom People Force ဆန္ဒပြ

ပွင့်ဖြူ – ဩဂုတ်(၁၂) အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ တရုတ်ကို ဆန့်ကျင်တဲ့အနေနဲ့ Freedom People Force ကဦးဆောင်ပြီး မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာတွေကို မီးလောင်တိုက်သွင်းပြီး ပြည်သူတွေကို သတ်ဖြတ် နေတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ တရုတ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ “စစ်ကောင်စီဘက်မှာရပ်တည်နေတဲ့တရုတ်နိုင်ငံအနေနဲ့ပြည်သူတွေရဲ့ဆန္ဒကိုနားထောင်ပေးပါ။ပြည်သူတွေကလိုချင်တဲ့ဆန္ဒကဘာလဲ။တရုတ်ရဲ့အကျိုးးစီးပွားကိုဒီထက်များပိုပြီးတော့ တစ်ခုခု များဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်တာဝန်ခံတာဝန်ယူရမယ်ဆိုရင်ဘယ်သူလဲဆိုတာ တရုတ်ကဆုံး ဖြတ်ရတော့မှာ” လို့ ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့…

စစ်အာဏာရှင်စနစ်ကို ကရင်အမျိုးသားတွေနဲ့ လက်တွဲဖြေရှင်းသွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပေးပို့

မော်လမြိုင်၊ ဩဂုတ် ၁၂ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေခါးစည်းခံနေရတဲ့ဒုက္ခတွေ ပြေလည်စေဖို့ ကရင်အမျိုးသားတွေနဲ့ လက်တွဲညီညီဖြေရှင်းသွားမယ်လို့ ကတိပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ကျရောက်တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ကရင်အမျိုးသားတွေရဲ့ အမျိုးသားရေးအရ ခွဲခြားဆက်ဆံမှုမရှိစေဖို့နဲ့ နိုင်ငံရေးအရ တန်းတူအခွင့်အရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး ကျဆုံးခဲ့တဲ့ ဩဂုတ်လ(၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့…

နွေဦးတော်လှန်ရေးမှာ မွန်ပြည်သူတွေ ပါဝင်ကူညီပေးဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တောင်းဆို

မော်လမြိုင် ၊ သြဂုတ် (၁၂) မွန်လူမျိုးတွေ ရည်မှန်းထားတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေးမှာ မွန်ပြည်သူတွေ ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေက ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့မှာတော့ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ မွန်တော်လှန်ရေးအင်အားစုတွေက မွန်ပြည်သူတွေကို အခုလို…

KNU သထုံခရိုင်က စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်း မလုံလောက်မှုနဲ့ ကြုံနေရ

သထုံ ၊ သြဂုတ် (၁၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းတွေမှာ ကျောင်းသားဦရေ များလာတာကြောင့် စာရေးကိရိယာ၊ စာသင်ခုံ၊ စာသင်ဆောင် အပါအဝင် သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေကို ကြုံနေရတယ်လို့ KNU သထုံခရိုင် ပညာရေးဌာန တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့…

စစ်အာဏာသိမ်း ရက် (၅၅၇) အတွင်း သတ်ဖြတ်ခံရသူ ၂၁၈၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၁၂ AAPP ၏ ဩဂုတ်လ (၁၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၇)အတွင်း ပြည်သူ (၂၁၈၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၀၉၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ကို AA သတိပေး၊ မလိုက်နာ ရက္ခိတလမ်းစဉ်နဲ့အညီ ကိုင်တွယ်မယ်

စစ်တွေ ၊ သြဂုတ် (၁၂) ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ကောင်စီအလိုကျ ပြည်သူလုထုကို ဆက်လက် ဒုက္ခပေးနေမယ်ဆိုရင် တော်လှန်ရေး လိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလို ကိုင်တွယ်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက သတိပေးလိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ…

တနင်္သာရီမှာ လူမှုကယ်ဆယ်ရေးအသင်း တချို့ ယာယီရပ်နား

တနင်္သာရီ ၊ သြဂုတ် (၁၂) တနင်္သာရီတိုင်းဒေသကြီးတို့မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိလာတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းတချို့ ယာယီရပ်နားလာကြတယ်လို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူမှုကယ်ဆယ်ရေးအသင်းတွေဟာ စစ်တပ် အာာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊အလှူငွေ ရရှိမှု နည်းပါးလာတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ယာယီရပ်နားလာကြတာ ဖြစ်ပါတယ်။ သက်တမ်း…

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အရပ်သားနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာ

ဒီမော့ဆို ၊ သြဂုတ် (၁၂) ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီး တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကလည်း တိုက်ပွဲမရှိတဲ့ လွိုင်လင်လေးမြို့ နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာကို စစ်ကောင်စီက…

တရားမဝင်အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ပြည်ကြီးတံခွန်သပိတ်အင်အားစု ချီတက် သပိတ်မှောက်

မန္တလေး – ဩဂုတ်(၁၁) ဒီနေ့ ဩဂုတ်လ(၁၁) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး တရားမဝင် အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ