အာဏာရှင်ကင်က မြောက်ကိုရီးယားပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ပြောဆို
ပြုံယမ်း – စက်တင်ဘာ(၁၀) မြောက်ကိုရီးယားပြည်သူတွေကို လာမယ့် နိုဝင်ဘာလကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုး ပေးတော့မှာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာလ(၉) ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၈) ရက်နေ့က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားအမျိုးသားညီလာခံမှာ ခေါင်းဆောင်ကင်က ကိုဗစ်ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားတာနဲ့ပတ်သက်ပြီးအခုလိုပြောဆိုခဲ့တာပါ။ “ဒါကြောင့် တာဝန်သိစွာ ဆောင်ရွက်ပေးတဲ့အနေနဲ့ နိုဝင်ဘာမှာ ကာကွယ်ဆေးထိုးတာနဲ့အတူ…