နိုင်ငံတကာ

အမေရိကန်နိုင်ငံသား ဝင်ရောက်မှု ကန့်သတ်ချက်ကို ဖြေလျှော့ပြီး တတိယနိုင်ငံကို ဖြတ်သန်းသွား ခွင့်ပြုမယ်

ပေကျင်း – ဇူလိုင်(၄) တရုတ်နိုင်ငံဟာ တတိယနိုင်ငံကိုထွက်ခွါမယ့် အမေရိကန်နိုင်ငံသားတွေကို တရုတ်နိုင်ငံက ဖြတ်သန်းဝင်ရောက်ခွင့်ပြုတော့မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ(၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ တက်ကြွတဲ့ ကိုဗစ်သုည မူဝါဒဟာ နိုင်ငံရပ်ခြားက ရောက်ရှိလာတဲ့ ရောဂါပိုးကူးစက် ခံရတဲ့ ခရီးသွားတွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်တဲ့အတွက်နိုင်ငံတကာ ခရီးသွားလာမှု ဆိုင်ရာ အတားအဆီးတွေဖြစ်ပေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း…

ပထမဆုံး ဟိုက်ဘရစ်ကားအကြီးစားသစ်ကို တိုယိုတာ ကုမ္ပဏီက အိန္ဒိယမှာ စတင်လုပ်ကိုင်မယ်

နယူးဒေလီ – ဇူလိုင်(၄) Toyota Motor Corp ဟာ အိန္ဒိယနိုင်ငံမှာ သူတို့ရဲ့ ပထမဆုံး စျေးကွက်အတွက် ဟိုက်ဘရစ်ကား (Sport utility Vehicle (SUV) ) ကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ Suzuki Motor Corp နဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖြစ် တိုယိုတာက တည်ဆောက်မယ့် ပထမဆုံး Urban…

ဆေးခြောက်တရားဝင်ခွင့်ပြုပေးထားတဲ့ထိုင်းနိုင်ငံကို ကမ္ဘာတစ်ဝှမ်းကအာဏာပိုင်တွေက သတိပေး

ဘန်ကောက် – ဇူလိုင်(၄) ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးစာရင်းကနေ ဆေးခြောက်နဲ့ လျှော်ပင်တွေကို ထုတ်ပယ်လိုက်တဲ့ အတွက် ခရီးသွားတွေကို ဆေးခြောက်လက်ဝယ်ထားရှိတာနဲ့ သုံးစွဲမှုတွေကို တားမြစ်ထားတဲ့ ကမ္ဘာတဝှမ်းက နိုင်ငံတွေက သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတွေက ထိုင်သံရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းနိုင်ငံသားတွေကို နိုင်ငံအတွင်း ဆေးခြောက်နဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်တာတွေ မပြုလုပ်ဖို့ ညွှန်ကြားထားပြီး ဖမ်းဆီးရမိရင်…

ကိုဗစ်ကူးစက်မှုဟာ ဂြိုလ်သားပစ္စည်းတွေကြောင့်လို့ ပြုံယမ်းပြော

ပြုံးယမ်း ၊ ဇူလိုင် (၃) တောင်ကိုးရီးယားနယ်စပ်အနီးရှိ “ဂြိုလ်သားပစ္စည်း” ကိုထိမိသူတွေဟာ ကိုရိုနာဗိုင်းရပ် ပထမဆုံးကူးစက်ခံသူများဖြစ်ကြောင်း မြောက်ကိုရီးယားက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဧပြီလအစောပိုင်းတွင် နယ်စပ်အနီး ခွမ်းဂမ်းခရိုင်အရှေ့ပိုင်းမှာရှိတဲ့ တန်းလျားများနှင့် လူနေရပ်ကွက်တွေနားက တောင်ကုန်းတစ်ခုပေါ်မှာ အသက် ၁၈ နှစ်အရွယ် စစ်သားတစ်ဦးနှင့် အသက် ၅ နှစ်အရွယ် KG ကျောင်းသားတစ်ဦးတို့ “ဂြိုလ်သားပစ္စည်းတွေနဲ့ ထိတွေ့ခဲ့သည်” ဟု…

ယူကရိန်း ရိုးရာ ဘော့ရှ်ချ် ဟင်း ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကို စာရင်းဝင်လာ

ကီးယက် – ဇူလိုင်(၃) ကုလသမဂ္ဂယဉ်ကျေးမှုဆိုင်ရာအေဂျင်စီက ထိန်းသိမ်းစောင့်ရှောက်ထားရမယ့်စာရင်းထဲမှာ ယူကရိန်းရိုးရာ ကြက်သွေးရောင်ဟင်းရည် ဘော့ရှ်ချ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းလိုက်တဲ့ အတွက် ရုရှားနဲ့ ယူကရိန်းတို့ရဲ့ သက်တမ်းရင့်အချက်အပြုတ်ဆိုင်ရာ အငြင်းပွားမှု အဆုံးသတ် သွားခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ဒါဇင်နဲ့ချီတဲ့ နိုင်ငံရဲ့ အမွေအနှစ်တွေပျက်ဆီးခဲ့ရပြီးနောက် ပဲရစ်အခြေစိုက် ယူနက်စကိုက အန္တရာယ်ကျရောက်နိုင်ခြေရှိနေတဲ့ ကြက်သွေးရောင်ဟင်းရည် ဘော့ရှ်ချ်ကိုယူကရိန်းနိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တခုအဖြစ်စာရင်းမှာ ထည့်သွင်း…

မြန်မာစစ်တပ်ရဲ့ ဂျက်လေယာဉ်ကျူးကျော်ဝင်ရောက်မှုကို ထိုင်းဝန်ကြီးချုပ် အလေးမထား

ဘန်ကောက် – ဇူလိုင်(၃) ထိုင်းနိုင်ငံဖို့ဖရာခရိုင်ကို ကျော်လွန်ပြီး ထိုင်းလေပိုက်နက်ထဲကို မြန်မာဂျက်ဖိုက်တာလေယာဉ် တစ်စီးကျော်လွန်ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံကို မြန်မာဘက်က တောင်းပန်ထားတယ် လို့ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာက ပြောပါတယ်။ ဒီကိစ္စဟာ ရေးကြီးခွင်ကျယ်မဟုတ်ပဲ နှစ်နိုင်ငံဆက်ဆက်ရေး ဟာလည်း အရင်အတိုင်းကောင်း တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ “စစ်ဘက်ဆိုင်ရာတွဲဖက်တာဝန်ခံများဟာ အချင်းချင်းပြောဆိုခဲ့ကြတယ်။ တောင်းပန်ခဲ့ကြ တယ်။ ကျွန်ုပ် သူတို့နဲ့ ပြောဆိုပြီးပါပြီး။ ဒီအရာဟာ…

ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါလွန်အဆင့်ကို ကြေညာဖို့ စောသေးတယ်လို့ ထိုင်းနိုင်ငံက အထူးကုဆရာဝန်တွေ ပြော

ဘန်ကောက် ၊ ဇူလိုင် (၂) ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကို အစုလိုက်ရောဂါအဖြစ် ကြေညာခြင်းရဲ့ နိမိတ်ပုံဖြစ်သော ယနေ့မှစတင်ပြီး ကပ်ရောဂါလွန်အဆင့်မှာ ကြေညာမယ့် ၎င်းရဲ့အစီအစဉ်ကို ရွှေ့ဆိုင်းရန် ထိပ်တန်းအဆုတ်ရောဂါ အထူးကုဆရာဝန်က ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို တောင်းဆိုလိုက်ပါတယ်။ ဗစ်ချိုင်းယွတ်ဆေးရုံမှာ သီးသန့်ဖွင့်လှစ်ထားသော Covid-19 ကူးစက်ခံထားရသည့် လူနာအသစ်အရေအတွက်သည် Covid-19 ရပ်ကွက်ကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် လုံလောက်သောနှုန်းဖြင့် မြင့်တက်လာနေကြောင်း အဆုတ်အထူးကုဆရာဝန်…

ယူကရိန်းဂျုံတင်ပို့မှုအတွက် ပင်လယ်ရေကြောင်းလမ်းကို ပူတင်သဘောတူလိုက်ပြီလို့ အင်ဒို သမ္မတ ဆို

ဂျာကာတာ – ဇူလိုင်(၂) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန်လ(၃၀) ရက်နေ့က ရုရှားနိုင်ငံမော်စကိုမြို့မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံစဉ် ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းအပေါ် စိုးရိမ်မှုတွေမြင့်တက်နေချိန် ယူကရိန်းဂျုံတင်ပို့ဖို့အတွက် ပင်လယ်ရေလမ်းကြောင်း ဖွင့်ပေးဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံလုံးက စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာအတွက် လုံခြုံရေး အာမခံချက် ပေးခဲ့လို့ သမ္မတ ပူတင်ကို ကျေးဇူးတင်တယ်လို့လည်း ရုရှား၊အင်ဒို…

ဟောင်ကောင်အတွက် တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒကို ပြောင်းလဲဖို့အကြောင်းမရှိဘူး လို့ တရုတ်သမ္မတ ဆို

ပေကျင်း – ဇူလိုင်(၂) ဟောင်ကောင်အတွက် တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒကို ပြောင်းလဲဖို့အကြောင်းမရှိပဲ ရေရှည်မှာ လိုက်ရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင်လ(၁) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဟောင်ကောင်ကွန်ဗင်းရှင်းနဲ့ ပြပွဲစင်တာမှာ မိန့်ခွန်းပြောဆိုခဲ့ချိန်မှာ မစ္စတာရှိက မူဝါဒရဲ့ ရည်မှန်းချက်မှဦ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့နဲ့ ဟောင်ကောင်၊မကာအိုတို့မှာ သာယာဝပြောရေးနဲ့ တည်ငြိမ် ရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့…

အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးဖို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဘာလင် ၊ ဇူလိုင် (၁) တာလီဘန်အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပြီး အာဖဂန်စီးပွားရေးရဲ့ အခြေခံလည်ပတ်မှုတွေကို အန္တရာယ်မရှိစေရဘူးလို့ ပြောကြားခဲ့ပါတယ်။ ယမန်နှစ်က တာလီဘန်တို့ သိမ်းပိုက်မှုကြောင့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ အစိုးရများက ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာအကူအညီများ ဖြတ်တောက်ရန် လှုံ့ဆော်ခဲ့ပြီး တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေကို ဆုတ်ယုတ်သွားစေခဲ့တာပါ။…