နိုင်ငံတကာ

အာရှနဲ့ နက်ရှိုင်းသော ဆက်ဆံရေးတည်ဆောက်ဖို့ နေတိုးအတွင်းရေးမှူး တောင်ကိုရီးယား ရောက်လာ

ဆိုးလ် – ဇန်နဝါရီ(၃၁) နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဂျန်စ် စတိုလန်ဘာတ်ချ်ဟာ ဇန်နဝါရီလ(၂၉) ရက်နေ့က တောင်ကိုရီးယားကို ရောက်ရှိလာပြီးနောက် ဂျပန်နိုင်ငံကိုလည်း ဆက်လက်သွား ရောက်မှာဖြစ်ကာ ယူကရိန်းစစ်ပွဲ၊တရုတ်နဲ့အားပြိုင်မှုတွေတိုးလာချိန်မှာ မဟာမိတ်တွေနဲ့ ဆက်ဆံရေးအားကောင်းစေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေဟာ အာရှအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိနေ ချိန်မှာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းစမ်းသပ်ပစ်လွှတ်မှုတွေနဲ့ နျူကလီးယား…

ယူကရိန်းကို အမေရိကန်တင့်ကားတွေစေလွှတ်မှု မြောက်ကိုရီးယားရှုတ်ချ

ပြုံယမ်း၊ ဇန်နဝါရီ ၂၈ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာကူညီဖို့အတွက် ယူကရိန်းကို ခေတ်မီစစ်တင့်ကားတွေ ပေးပို့ထောက်ပံ့ ခဲ့တဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားမှာ ဩဇာကြီးမားသူတစ်ဦးဖြစ်တဲ့ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမကင်ယိုဂျွန်က ရှုတ်ချခဲ့ပါတယ်။ အမေရိကန်ဟာ လုံခြုံရေးဆိုင်ရာအမြင့်ဆုံးစည်းမျဉ်းကို ချိုးဖောက်ကာ ရုရှားကို ဖျက်ဆီးဖို့ဖန်တီးထားတဲ့ စစ်ပွဲကို အရှိန်မြှင့်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဇန်နဝါရီ ၂၇ရက်က ကင်ယိုဂျွန်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲနဲ့…

ပီရူးကွန်ဂရက်လွှတ်တော်က သမ္မတရဲ့ အစောပိုင်း ရွေးကောက်ပွဲအစီအစဉ်ကိုပယ်ချ

လီမာ – ဇန်နဝါရီ(၂၉) ပီရူးမှာ သမ္မတရဲ့ ခေါင်းဆောင်မှုကို ဆန့်ကျင်တဲ့ လူပေါင်းဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ဆန္ဒပြမှု တွေကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သမ္မတ ဒီနာဘိုလာတီ ရဲ့ တောင်းဆိုမှုကို ပီရူးကွန်ဂရက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပီရူးနိုင်ငံဟာ ကွန်ဂရက်ကို ဖျက်သိမ်းပြီး အုပ်ချုပ်ရေး အမိန့်နဲ့ သမ္မတဟောင်း ပတ်ဒရို ကတ်စတယ်လို…

တရုတ်နဲ့ စစ်ဖြစ်လာနိုင်တယ်လို့ အမေရိကန်စစ်တပ်သတိပေး

ဝါရှင်တန် – ဇန်နဝါရီ(၂၉) လာမယ့် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ စစ်ဖြစ်လာနိုင်တယ် လို့ အမေရိကန်လေတပ်ဗိုလ်ချုပ်က သတိပေးထားပြီး ၂၀၂၃ ခုနှစ်မှာ စစ်ယူနစ်အသီးသီးမှ အမြင့်ဆုံး စစ်ဆင်ရေးကို အသင့်ဖြစ်ဖို့လည်း တောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံကို လိုအပ်ရင် ခုခံသွားမှာဖြစ်တယ်လို့ ရေးသားထားပြီး ဇန်နဝါရီလ(၂၇) ရက်နေ့က ထွက်ပေါ်လာတဲ့ ပြည်ထဲရေး စာချွန်လွှာတစ်ခုကို လေတပ်ကွပ်ကဲရေး…

တရုတ်အစိုးရ ကိုဗစ်မူဝါဒကိုဆန့်ကျင်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ သတင်းအစအနမရတော့

ရှန်ဟိုင်း၊ ဇန်နဝါရီ(၂၈) တရုတ်နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်မူဝါဒကို လူသိရှင်ကြားဆန့်ကျင်ဆန္ဒပြသူ အများအပြားဟာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို တရားစွဲဆိုမှုတွေလည်း ရင်ဆိုင်နေကြရပြီး အကြောင်းအရင်းကို နောက်ဆက်တွဲအကြောင်းအရင်းကို မကြားသိရတော့ကြောင်း Human Rights Watch က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့အများအပြားမှာ နိုင်ငံရဲ့ COVID-19 မူဝါဒကို သုံးနှစ်နီးပါး တင်းကျပ်စွာ ကျင့်သုံး နေခြင်းကို အဆုံးသတ်ဖို့ တောင်းဆိုဆန္ဒပြမှုတွေ…

မူးယစ်ဆေးဝါးစစ်ပွဲ ပြန်လည်စတင်ဖို့ အိုင်စီစီကို ဖိလစ်ပိုင် အယူခံဝင်မယ်

မနီလာ – ဇန်နဝါရီ(၂၈) ဖိလစ်ပိုင်နိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ ပြန်လည်စတင် နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ အစိုးရက ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ စတင်ခဲ့ချိန်က သမ္မတ ရိုဒရီဂို ဒူတာတေး အစိုးရရဲ့ တောင်းဆိုက်ချက်အရ ဟိတ်တရားရုံးဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စုံစမ်းစစ်ဆေး မှုတွေကို…

ဆိုမာလီယာမှာ အိုင်အက်စ် ခေါင်းဆောင်တစ်ဦးကို အမေရိကန် သုတ်သင်ရှင်းလင်း

မိုဂါဒစ်ရှုး- ဇန်နဝါရီ(၂၈) အိုင်အက်စ်ခေါင်းဆောင်နဲ့ အကြမ်းဖက်အဖွဲ့ဝင်(၁၀) ဦးကို ဆိုမာလီယာနိုင်ငံမြောက်ဘက်မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အမေရိကန် တပ်ဖွဲ့တွေဟာ ခေါင်းဆောင် ဆူဒစ်နီ ကိုဖမ်းဆီးနိုင်ဖို့ ပြင်ဆင်ထားပေမယ့် တဘက်က ရန်လိုပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အဆုံးသတ်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ “ခေါင်းဆောင် ဆူဒစ်နီဘာလောဟာ ဆိုမာလီယာမြောက်ဘက် တောင်ကြောနှင့် ချိုင့်ဝှမ်းများ ပါဝင်သော နေရာတစ်ခုကနေ…

အမေရိကန်နဲ့ဂျာမနီတို့က တင့်ကားတွေစေလွှတ်လို့ ရုရှားကယူကရိန်းကို ဒုံးကျည်အသစ်နဲ့ပစ်ခတ်

ကိဗ်၊ ဇန်နဝါရီ(၂၇) ဂျာမနီနဲ့အမေရိကန်တို့က ရှေ့တန်းကိုတင့်ကားတွေ စေလွှတ်ဖို့ကတိပြုပြီးတဲ့နောက် ရုရှားကသူ့ရဲ့ နောက်ဆုံး ပေါ် ဒုံးကျည်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့အတွက် ယူကရိန်းနိုင်ငံသားတွေကို ခိုလှုံရာနေရာရှာကြဖို့ အစိုးရ က တိုက်တွန်းခဲ့ရပါတယ်။ ယူကရိန်းအာဏာပိုင်တွေက ရုရှားတပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့ပစ်ခတ်မှုမတိုင်မီ မြို့တော်ကိဗ်အပါအဝင် နိုင်ငံ တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အိုဒီဇာရပ်ကွက်အုပ်ချုပ်ရေးမှူးက ဗလာဒီမာပူတင်ရဲ့စစ်တပ်ဟာ လေယာဉ်နဲ့ သင်္ဘောတွေအသုံးပြုပြီး ယူကရိန်းကို ကြီးမားတဲ့ဒုံးကျည်တွေနဲ့…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုသိသိသာသာမြင့်တက်လာ

ရန်ကုန် – ဇန်နဝါရီ(၂၇) စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်မှာ (၃၃) ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ရှိကာလအတွင်း ခြောက်နှစ်ကျော်ကြာ ကျဆင်းခဲ့တဲ့ ဘိန်းစိုက်ပျိုးမှု အခြေအနေနောက်ပြန်လှည့်သွားခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNDOC) က ဒီမြင့်တက်လာမှုဟာ လွန်ခဲ့တဲ့ (၂) နှစ်က စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံအတွင်း ကမောက်ကမ…

ကိုရီးယားနှစ်နိုင်ငံလုံးက ဒရုန်းပျံသန်းမှုနဲ့ အပစ်ခတ်ရပ်စဲရေးချိုးဖောက်ခဲ့တယ်လို့ ကုလဆို

ဆိုးလ် – ဇန်နဝါရီ(၂၇) ကိုရီးယားနှစ်နိုင်ငံလုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မျှဝေထားတဲ့ နယ်စပ်ဝေဟင်ပိုင်နက်ထဲကို မောင်းသူမဲ့ လေယာဉ်တွေ စေလွှတ်ပြီး စစ်ဆိုင်းကာလ အပစ်အခတ်ရပ်ဆဲရေးချိုးဖောက်ခဲ့ ကြတယ်လို့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့(UNC) က သတင်းထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်(၅)စင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်က တောင်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ရဲ့ တိုက်လေယာဉ် တွေနဲ့ ရဟတ်ယာဉ်တ်ကို အပြိုင်အဆိုင်…