အပူပိုင်းမုန်တိုင်း Megi ကြောင့်မြေပြိုမှုနဲ့ရေလွှမ်းမိုးခဲ့ပြီး အနည်း ဆုံးလူ နှစ်ဆယ့်ငါးယောက်သေဆုံး
ဘန်ကောက် – ဧပြီ(၁၃) အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ အရှေ့နဲ့ တောင်ပိုင်းကမ်းခြေမှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Megi ကြောင့်မြေပြိုမှုနဲ့ ရေကြီးတာတွေကြောင့်လူ အနည်းဆုံး(၂၅) ယောက်လောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖိလစ်ပိုင်မှာ နှစ်တိုင်းမုန်တိုင်းအကြိမ်ရေ (၂၀)လောက်ဝင်ရောက်လေ့ရှိပေမယ့် Megi ဟာ ကျွန်းဆွယ်ကို ထိခိုက်ခဲ့တဲ့ ပထမဆုံးမုန်တိုင်းဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အရှေ့ပိုင်းခရိုင် Leyte မှာ ပြိုကျခဲ့တဲ့ မြေအောက်မှာ…