အင်ဒိုသမ္မတရဲ့ ဘေဂျင်းခရီးစဉ်မှာ သမ္မတရှီနဲ့ တွေ့ဆုံမယ်
ဂျာကာတာ – ဇူလိုင်(၂၃) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ဟာ လာမယ် ဇူလိုင်လ(၂၆) ရက်နေ့ ဘေဂျင်းမြို့ကို အလည် အပတ်ရောက်ရှိချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလျံရှိခဲ့တာပါ။ “ရင်းနှီးမြှုပ်နှံမှုအတွက်…