နိုင်ငံတကာ

အသက် ၈၀ အရွယ် ယူဂန္ဓာသမ္မတ နှစ် ၄၀ အထိ အုပ်ချုပ်ခွင့်ရဖို့ ကြိုးပမ်း

ကမ်ပါလာ၊ ဇူလိုင် ၇ အသက် ၈၀ ရှိနေပြီ ဖြစ်တဲ့ ယူဂန္ဓာနိုင်ငံရဲ့ ရာထူး သက်တမ်း အရှည်ကြာဆုံး သမ္မတ ယိုဝီရီ မူဆီဗီနီကို လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲ အတွက် အာဏာရပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာလိုက်တာကြောင့် သူ့ရဲ့ နှစ် ၄၀ နီးပါးကြာ အာဏာဆုပ်ကိုင်ထားမှု သက်တမ်းတိုးဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ်…

အီလွန်မတ်စ်ရဲ့ နိုင်ငံရေးပါတီအသစ် တည်ထောင်မယ့် အစီအစဉ် အဓိပ္ပါယ် မရှိဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ ဇူလိုင် ၇ အရင်က ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်ရဲ့ နိုင်ငံရေးပါတီ အသစ် တည်ထောင်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဝေဖန်ထိုးနှက်ပြီး အဓိပ္ပါယ် မရှိဘူးလို့ ပြောလိုက်ပါတယ်။ “တတိယမြောက် နိုင်ငံရေးပါတီ တစ်ခု စတင်ဖို့ ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်” လို့ ဇူလိုင် ၆…

ရှီကျင့်ဖျင်နဲ့ ပူတင် မပါဘဲ BRICS အစည်းအဝေး စတင်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၅ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် BRICS အစည်းအဝေး မတက်ဘူးလို့ ပြောထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတကာရာဇဝတ် တရားရုံး ICC ဖမ်းဝရမ်းကြောင့် ဘရာဇီးသို့ မသွားဘူးလို့ ပြောထားတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မပါတဲ့ အစည်းအဝေးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဇူလိုင် ၄ ရက်က စတင်ခဲ့ပါတယ်။…

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးမယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် ပြော

ဘေဂျင်း၊ ဇူလိုင် ၅ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးသွားရင် အမေရိကန်က ဘေဂျင်းအပေါ် ရာနှုန်းပြည့် အာရုံစိုက်လာမှာ ဖြစ်တာကြောင့် ရုရှား ရှုံးနိမ့်မယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဥရောပသမဂ္ဂ ထိပ်တန်းသံတမန်ကို ပြောကြားခဲ့ပါတယ်။ ပဋိပက္ခအတွင်း ကြားဝင် မစွက်ပါဘူးလို့ တရုတ်က လူသိရှင်ကြား ပြောဆိုထားပေမယ့် အခု ပြောဆိုမှုက သူတို့ရဲ့…

ယူကရိန်းအရေး ပူတင်နဲ့ ဆွေးနွေးမှု တိုးတက်မှု မရှိဘူးလို့ ထရန့် ပြော

မော်စကို၊ ဇူလိုင် ၄ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ စစ်ပွဲအတွင်း သူ့ရဲ့ ရည်မှန်းချက်များ အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကရင်မလင် နန်းတော်က ပြောကြားထားချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ပူတင်နဲ့ ဆွေးနွေးမှုမှာ တိုးတက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ဇူလိုင် ၃ ရက်က ပြောကြားလိုက်ပါတယ်။ ယူကရိန်းသို့ လက်နက်…

အာဖဂန်နစ္စတန်မှာ တာလီဘန် အုပ်ချုပ်မှုကို ရုရှားက ပထမဆုံးတရားဝင် အသိအမှတ်ပြု

မော်စကို၊ ဇူလိုင် ၄ တာလီဘန် အုပ်ချုပ်မှုကို ရုရှားက ပထမဆုံးနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီးနောက် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး အမ်မာခန်း မူစတာခီက သတ္တိရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အစ္စလာမ္မစ် အမ်းမရိတ် အာဖဂန်နစ္စတန်နိုင်ငံကို မိမိတို့ အစိုးရက တရားဝင် အသိအမှတ်ပြုကြောင်း ရုရှားသံအမတ် ဒီမီထရီ ဇာနော့ဗ်က ဇူလိုင် ၃ ရက်…

အီရန် နျူကလီးယားစီမံကိန်း နှစ်နှစ်အထိ အဆင့်လျော့ကျသွားတယ်လို့ ပင်တဂွန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၃ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် နျူကလီးယားစီမံကိန်းဟာ နှစ်နှစ်အထိ အဆင့်လျော့ကျသွားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ အများပြည်သူသို့ ပေါက်ကြားခဲ့တဲ့ ကနဦး လေ့လာမှုမှာ အမေရိကန် တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှု အတိုင်းအတာကို လျှော့ချထားတာ တွေ့ရပေမယ့်လည်း ပင်တဂွန်ရဲ့ ပြောဆိုချက်အရ…

မြန်မာ့မီဒီယာကို နိုင်ငံအများက ထောက်ပံ့ကူညီပေးရမယ်လို့ ကုလ ပြော

နယူးယောက်၊ ဇူလိုင် ၃ မြန်မာနိုင်ငံမှာ စစ်ကောင်စီ ဖိနှိပ်နေတဲ့ကြားက သတ္တိရှိရှိနဲ့ ဆက်လက် အလုပ်လုပ်နေကြတဲ့ မီဒီယာသမားတွေ မရှိတော့ရင် ပြည်တွင်းစစ် အခြေအနေတွေဟာ အမေ့လျော့ခံ ဖြစ်သွားနိုင်ကြောင်းနဲ့ နိုင်ငံအများက မြန်မာ့မီဒီယာကို ထောက်ပံ့ကူညီဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးက ပြောလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတဝှမ်း ထောင်ချခံထားရတဲ့ သတင်းမီဒီယာသမား ၆၀ ထက် မနည်းရှိနေပြီး အများစုဟာ…

ကုန်စျေးနှုန်း စစ်ပွဲတွေကို နှိမ်နှင်းပစ်မယ်လို့ တရုတ် ခေါင်းဆောင်တွေ ကြွေးကြော်

ဘေဂျင်း၊ ဇူလိုင် ၂ ကမ္ဘာမှာ ဒုတိယအကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ ငွေဖောင်းပွမှု လျှော့ချရေး ဖိအားတွေကို ပြေလည်စေဖို့ အသည်းအသန် ကြိုးပမ်းနေရချိန်မှာ တရုတ်ကုမ္ပဏီတွေရဲ့ ပြင်းပြင်းထန်ထန် စျေးနှုန်းလျှော့ချမှုတွေအပေါ် ဥပဒေစည်းကြပ်မှု အရှိန်မြှင့်သွားမှာ ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တွေက ဇူလိုင် ၁ ရက်မှာ ကြွေးကြော်လိုက်ကြပါတယ်။ တရုတ် ထုတ်လုပ်သူတွေကြား စွမ်းပကား ပိုလျှံမှုနဲ့ ကုန်စည်…

ယူကရိန်းသို့ အမေရိကန် လက်နက်တင်ပို့မှု တချို့ ရပ်ဆိုင်းထားတယ်လို့ အိမ်ဖြူတော် ပြော

ဝါရှင်တန်၊ ဇူလိုင် ၂ ရုရှားက ယူကရိန်းကို တိုက်ခိုက်မှု အရှိန်မြှင့်နေချိန်မှာ ယူကရိန်း အတွက် လက်နက်ပေးပို့မှု တချို့ကို ရပ်ဆိုင်းထားလိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ တခြားနိုင်ငံတွေအတွက် အမေရိကန်ရဲ့ စစ်ရေး အကူအညီပေးမှုတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည် သုံးသပ်ပြီးနောက် အမေရိကန် အကျိုးစီးပွား ပထမဦးစားပေးရေး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ…