ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမှုဖွင့် တိုင်ကြားထားတဲ့အပေါ် ဖြေရှင်းပေးမှု နှောင့်နှေးနေဟုဆို
မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉) ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုတွေအပေါ် သက်ဆိုင်ရာက ဖြေရှင်းပေးရာမှာ နှောင့်နှေးနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေပါပြဌာန်းချက်အရ ရွေးကောက်ပွဲအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာကိစ္စတွေကို ရွေးကောက်ပွဲပြီး ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေမှာ တိုင်ကြားရမှာဖြစ်ပါတယ်။ မော်လမြိုင်မြို့နယ်တစ်ခုတည်းမှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက…
