စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော
မော်လမြိုင်၊ မတ် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြောသည်။ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းထားပြီးဖြစ်သည့် အပန်းဖြေစခန်းများ၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေအရ ကော်မတီများဖွဲ့စည်းခြင်း၊ ခွင့်ပြုချက်လိုင်စင်များထုတ်ပေးခြင်းများကို ဆောင်ရွက်ခွင့်ရှိရာ ဥပဒေအရ သဘောတူခွင့်ပြုချက် လိုင်စင်များထုတ်ပြန်ပေးခဲ့သည့် လုပ်ငန်းများအခြေအနေကို သထုံမြို့နယ်၊ မဲဆန္ဒနယ်မြေ(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်…