စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေ
မော်လမြိုင်၊ စက်တင်ဘာလ ၂၄ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က လမ်းတံတားဂိတ်ကြေးနဲ့ စည်ပင်ဂိတ်ကြေးတွေသာ ပေးဆောင်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ် အားလုံးကို ငွေကြေးပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာလို့ ရတာ ဖြစ်ပါတယ်။ “ဝါးတားဂိတ်တွေ များလာတာပေါ့ဗျာ၊ သူတို့နဲ့ အဆင်ပြေရင် အဆင်ပြေသလိုပေး…