စော်ဖျားရွာမှာ ဒေသခံတွေရဲ့ ဖုန်းများကိုသိမ်းဆည်းပြီး ကလေး ၂ ဦးနဲ့မိခင်ဖြစ်သူကို ဖမ်းဆီးထား
သရက်ချောင်း၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက ဒေသခံပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းထားပြီး ကလေးနှစ်ဦးမိခင်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာလည်း ကျေးရွာအတွင်းက ကလေးနှစ်ဦးနဲ့ ၎င်းတို့မိခင်ဖြစ်သူတို့ကို ပျူ စောထီးနဲ့စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး…