ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှ ဈေးတွေ ပြန်ဖွင့်ပေးမယ်လို့ စစ်ကောင်စီ ပြော
မော်လမြိုင် ၊ အောက်တိုဘာ (၂၀) မွန်ပြည်နယ်မှာ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ဈေးတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်း အောက်ရောက်မှ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ Stay at Home မြို့နယ်တွေက ဈေးသူဈေသားတွေကို…