သေဒဏ်စီရင်မှုကြောင့် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာစေမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ ပြော
မော်လမြိုင် ဇူလိုင် ၂၇ အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံရေးအမြင်မတူသူတွေကို သတ်ဖြတ်တာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ ဒေါသစိတ်နဲ့ ပြည်တွင်းစစ် ပိုမို ပြင်းထန်လာစေမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။စစ်ကောင်စီအနေနဲ့ သေဒဏ်စီရင်မှု နောက်ဆက်တွဲ ပြဿနာ အားလုံးကို တာဝန်ယူရမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ AA ၊ TNLA နဲ့…