Radio Than Lwin Times(Episode 12/11)
https://www.youtube.com/embed/82lExwRD2no
https://www.youtube.com/embed/82lExwRD2no
မြန်မာစစ်တပ် လူ့အခွင့်အရေးကျူးလွန်ခဲ့သည်က ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ သာ မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ စတင်ရေတွက်မည်ဆိုလျှင် ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ မြို့ပြကျေးရွာများကို မီးရှို့ခြင်း၊ တိုင်းရင်းသူများကိုမုဒိမ်းကျင့်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သတ် ဖြတ်ခြင်းများကို မြန်မာစစ်တပ်ကျူးလွန်ခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းကမှ အရေးယူနိုင်ခဲ့ခြင်းမရှိသေးသဖြင့် ယခုအချိန်ထိ မြန်မာစစ်တပ်က…
နယူးဒေလီ၊ နိုဝင်ဘာ ၁၂ အိန္ဒိယနိုင်ငံအစိုးရ၏ ဆေးဘက်ဆိုင်ရာ သုတေသနအေဂျင်စီနှင့် Bharat Biotech International (ဘဟာရက်ဘိုင်အိုတက်) တို့မှ ပူးပေါင်းထုတ်လုပ်သော Covaxin ကာကွယ်ဆေးသည် ကိုဗစ် ရောဂါ လက္ခဏာကို ၇၇.၈ ရာခိုင်နှုန်းအထိ ပျောက်ကင်းစေသည့် အကျိုးအာနိသင်ရှိသည်ဟု The Lacent (သည် လာဆန့်) ဆေးဝါးဂျာနယ်ပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ Covaxin (ကိုဗက်ဆင်း)…
မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ ချောင်းဆုံမြို့နယ် ၊ မြို့မရဲစခန်းရှေ့မှာရှိတဲ့ NLD ပါတီရုံး ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ပေါက်ကွဲမှုဟာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးတဲ့အထိ ပြင်းထန်ခဲ့ပြီး ဘေးပတ်ဝန်းကျင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို ရဲနဲ့စစ်သားတွေက ပိတ်ဆို့ပြီး စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။ “…
မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။ ဒါကြောင့် စစ်တပ်…
https://www.youtube.com/embed/GkLhFtgbDEw
စင်ကာပူ၊ နိုဝင်ဘာ ၁၁ စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား လေကြောင်းခရီးသွားများအတွက် ကာကွယ်ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ပြန်လည်ဖွင့်လှစ်လာမည့် အခြားသော အစီအစဉ်များအတွက် ပထမခြေလှမ်းဖြစ်သည်ဟု မလေးရှားနိုင်ငံက အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။ အဆိုပါပုဂ္ဂိုလ် ပြောကြားချက်အရ မလေးရှားနှင့် စင်ကာပူနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အေဂျင်စီများ သည် ကျန်းမာရေး၊…
မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်မှာတော့ အဖွင့်ရာသီမှာ ဈေးကောင်းခဲ့တဲ့ ရော်ဘာဈေးဟာ နိုဝင်ဘာပထမအပတ်ကစပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာတယ်လို့ ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရော်ဘာဈေးဟာ ကမ္ဘာ့ရော်ဘာဈေး ကျဆင်းလာတာ၊ ငွေကြေး မူဝါဒနဲ့ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ငွေကြေးမလည်ပတ်နိုင်လို့ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။ အခုလို ဈေးနှုန်းကျဆင်းနေပေမယ့် ရော်ဘာစေးထွက်အား ကောင်းနေတာကြောင့်…
မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) အာဏာသိမ်း စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားဖို့ ညွှန်ကြားလိုက် တဲ့အပေါ် မဖြစ်သင့်ဘူးလို့ ကျောင်းသားမိဘတွေက ဝေဖန်လိုက်ပါတယ်။ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ၂၀၂၂…
https://www.youtube.com/embed/rxNHs290H68