January 29, 2026

စစ်အာဏာသိမ်း (၁၈၂၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၃၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၀ AAPP ရဲ့ ဇန်နဝါရီ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၂၄) ရက်အတွင်း ပြည်သူ (၇၇၃၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ပွဲအလွန် အားလုံးပါဝင်တဲ့ တွေ့ဆုံရေး အဓိကကျတယ်လို့ အပစ်ရပ် ၇ ဖွဲ့ပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေးအတွက် NCA ဟာ ဒီကနေ့အထိ အရေးပါနေဆဲလို့ စစ်ကော်မရှင်က ပြောဆိုနေပေမယ့် အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ကတော့ ရွေးကောက်ပွဲအလွန် အင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံရေးဟာ အဓိကကျတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စတင်အကောင်အ ထည်ဖော်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု…

ပြည်တွင်းရွှေဈေး သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၃၀ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို စံချိန်တင် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ပထမအပတ်အတွင်း တစ်ကျပ်သား သိန်း ၉၀ ကျော်မှာသာ ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ သိန်း ၁၂၀…

ကရင်ပြည်နယ်မှာ စစ်တပ်က သံချပ်ကာကားတွေအပါအဝင် အင်အားအများအပြား ထပ်မံဖြည့်တင်း

မြဝတီ၊ ဇန်နဝါရီ ၃၀ ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊ တပ်အင်အားအများအပြား ထပ်မံဖြည့်တင်းလာနေတယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က သံချပ်ကာကားတွေနဲ့ လက်နက်ကြီးတွေပါဝင်တဲ့ စစ်ကော်မရှင်တပ် အင်အားအများအပြားဟာ ကရင်ပြည်နယ်စစ်ဆင်ရေးအတွက် အင်အားဖြည့်တင်းလာနေတာ ဖြစ်ပါတယ်။ အဲဒီ စစ်ယာဉ်တန်းတွေဟာ ဇန်နဝါရီ ၂၉ ရက်နေ့မှာ…

မြန်မာရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးဆီ အသွင်ကူးပြောင်းမှု အစ ဖြစ်မယ်လို့ ထိုင်း မျှော်လင့်နေ

ဘန်ကောက်၊ ဇန်နဝါရီ ၂၉ ကျင်းပပြီးစီးသွားတဲ့ မြန်မာ ရွေးကောက်ပွဲဟာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီသို့ ဦးတည်သွားနိုင်တဲ့ အသွင်ကူးပြောင်းမှု အစ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေက အတုအယောင် ရွေးကောက်ပွဲအဖြစ် ပြစ်တင် ရှုတ်ချထားတဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကိုယ်စားပြု ကြံ့ခိုင်ရေးပါတီက…

မြန်မာကျားဖြန့်ဂိုဏ်း မြီ မိသားစုဝင် ၁၁ ဦးကို တရုတ် ကွပ်မျက်

ဘေဂျင်း၊ ဇန်နဝါရီ ၂၉ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် နယ်စပ်တလျှောက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာဖီးယား မိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ကွပ်မျက်ခံရတဲ့ မြီ မိသားစုဝင်တွေဟာ လူသတ်မှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု၊ လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း လုပ်ကိုင်မှုတို့ အပါအဝင်…

ဘီးလင်းမှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ဘီးလင်း၊ ဇန်နဝါရီ ၂၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ဒုတိယအပတ်ကစလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်နဲ့အလူးကျေးရွာအုပ်စုထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ…

မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ နီးပါး Facebook ကနေ ဖယ်ရှားခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၉ အာဏာသိမ်း စစ်အုပ်စုရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ နီးပါးဟာ Facebook ကနေ ဖယ်ရှားခံလိုက်ရတယ်လို့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar JFM က ထုတ်ပြန်ထားပါတယ်။ ဖယ်ရှားခံလိုက်ရတဲ့ အကောင့်အများစုဟာ မိုင်တဲလ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ရောင်းချပေးနေတဲ့ အကောင့်တွေ ဖြစ်ပြီး ကျန်အကောင့်တွေဟာ…

သထုံမှာ ဆိုင်ကယ်သုံးယောက် စီးနင်းမိလို့ ငွေကျပ်သိန်း ၁၀၀ စီ အတောင်းခံရ

သထုံ၊ ဇန်နဝါရီ ၂၉ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မှာ ရော်ဘာခြံလုပ်သား လူငယ် သုံးဦးဟာ ဆိုင်ကယ်တစ်စီးကို သုံးယောက် စီးနင်းမိတာကြောင့် ငွေကျပ်သိန်း ၁၀၀ စီ အတောင်းခံရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက ရော်ဘာခြံလုပ်ငန်းကနေ ပြန်လာတဲ့ လူငယ် သုံးဦးဟာ သုဝဏ္ဏဝတီမြို့အဝင် မော်လမြိုင် –…

နျူကလီးယား သဘောတူညီမှု ရယူရေး အီရန်မှာ အချိန်မရှိတော့ဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၉ ပင်လယ်ကွေ့မှာ အမေရိကန်က စစ်အင်အား တိုးမြှင့်ချထားပြီးနောက်သမ္မတ ဒေါ်နယ် ထရန့်က အီရန် အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူဖို့ အချိန် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပါတယ်။ သမ္မတထရန့်ကတော့ ရေတပ်သင်္ဘော အုပ်စု အီရန်နိုင်ငံအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောထားပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်…