People cast their vote inside a polling station during the third and final phase of Myanmar's general election, at a polling station in Yangon on January 25, 2026. Myanmar opened the final round of its month-long election on January 25, with the dominant pro-military party on course for a landslide in a junta-run vote critics say will prolong the army's grip on power. (Photo by Sai Aung MAIN / AFP)

မော်လမြိုင် ၊ ဇန်နဝါရီ ၂၈

ရွေးကောက်ပွဲကနေတဆင့် မြန်မာ့ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဖော်ဆောင်မယ့် အဖွဲ့အစည်းအားလုံးကို ထောက်ခံတယ်လို့ တရုတ်အစိုးရပြောဆိုမှုအပေါ် မျှော်လင့်ချက်နဲ့သာ ပြီးဆုံးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သံလွင်တိုင်းမ်ကို ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကနေ မြန်မာနိုင်ငံရဲ့ ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကောကျားခွန်းက ဖြေကြားလာတာပါ။

ကျင်းပပြီးစီးသွားခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေက တရားမဝင် အတုအယောင်အဖြစ် ရှုမြင်ထားပေမယ့် တရုတ်အစိုးရကတော့ ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စေလွှတ်ပြီး ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့ကြရာ လုပ်ငန်းစဉ်ဟာ တည်ငြိမ်ကာ စနစ်တ ကျရှိပြီး မဲဆန္ဒရှင်တွေက တက်ကြွစွာ မဲပေးခဲ့ကြတယ်လို့ ကောကျားခွန်းက ပြောပါတယ်။

မြန်မာနိုင်ငံ ဘက်အသီးသီးက ရွေးကောက်ပွဲကနေတဆင့် တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ဖို့ အခြေအနေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံရေးတည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းနိုင်ရေး တရုတ်နိုင်ငံက ထောက်ခံတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားကာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသ ဘောဆောင်တဲ့ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့တာပါ။

NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရဟာ ဟန်ပြသာဖြစ်လို့ တရုတ်အစိုးရရဲ့ မျှော်လင့်ချက်ဟာ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

“ဒါကတော့ တရုတ်အစိုးရရဲ့ မျှော်လင့်ချက်ပေါ့နော်။ကျွန်တော့်အနေနဲ့ ပြောချင်တာတော့ အဲဒီမျှော်လင့်ချက်က မျှော်လင့်ချက်သက်သက်နဲ့ပဲ ပြီးဆုံးသွားမယ့် သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် ဟန်ပြအစိုးရဆိုတာက လက်ရှိ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ရာဇဝတ်ကောင်တွေကနေပြီးတော့ ယူနီဖောင်းလဲပြီး အရပ်သားအသွင် ဒါကမ္ဘာကို လှည့်စားတဲ့ ဟန်ပြအစိုးရ ရုပ်သေးအစိုးရသာလျှင် ဖြစ်မှာဖြစ်တယ်။အဲဒီတော့ ဘာမှ ပြုပြင်ပြောင်းလဲမှုတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအရ အပြောင်းအလဲလုပ်လိုစိတ်ဟာ အရေးကြီးတဲ့အတွက် လက်ရှိ စစ်တပ်က အပြောင်းအလဲကို လုပ်လိုစိတ် မရှိဘဲ ရှိရင်းစွဲ အခြေအ နေကို ဆက်ပြီး ခိုင်မြဲဖို့သာ ကြိုးစားနေတာလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးရည်မှန်းချက် ၆ ချက် မရမချင်း တော်လှန်ရေးကို တစိုက်မတ်မတ် ဆက်သွားမှာဖြစ်တဲ့အတွက် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကနေ တရုတ်အစိုးရမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးဟာ ပေါ်လာမှာ မဟုတ်ဘူးလို့ ဦးနေဘုန်းက ထပ်မံ အသိပေးပါတယ်။

ရည်မှန်းချက် ၆ ချက်ထဲမှာတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ ထွက်ရမှာဖြစ်ပြီး လက်နက်ကိုင်အင် အားစုတွေ အားလုံး အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လက်ခံမှာ မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေတစ်ခု ရေးဆွဲရေး ဖြစ်ပါတယ်။

အဲဒီအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်မှာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖြစ်စဉ်မှာ ပြည်သူတွေရဲ့ တရားစီရင်မှုကို လက်ခံရမယ်လို့ ကြေညာထားတာပါ။

ရှမ်းမြောက်မှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး နယ်စပ်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်တယ်လို့ ဝေဖန်ခံနေရတဲ့ တရုတ်အစိုးရအနေနဲ့ အခုချိန်မှာ အာဏာသိမ်း စစ်တပ်နဲ့ ကျောချင်းကပ် ရင်ချင်းကပ်တဲ့ အနေအထား ဖြစ်လာခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ကာလကြာရှည် အခိုင်အမာ လိုက်နာကျင့်သုံးနေပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုကြောင်း ငြင်းဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ အစဉ်အမြဲ နက်ရှိုင်းစွာ အကောင်အထည်ဖော်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.