မုန်း၊ ဇန်နဝါရီ ၂၆

ပဲခူးတိုင်း မုန်းမြို့နယ် ရေလဲအနောက်ဘက်ကမ်းကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ နေလည် ၁၁ နာရီခွဲအချိန်လောက်မှာ တောင်ငူလေတပ်က ဂျက်ဖိုက်တာ လေယာဉ် တစ်စီးဟာ တိုက်ပွဲမရှိဘဲ ရေလဲအနောက်ဘက်ကမ်းကျေးရွာထဲကို ဗုံး လေးလုံး လာရောက်ကြဲချသွားတာပါ။

လေကြောင်းဗုံးကြဲခံရတာကြောင့် ဒေသခံတွေဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးနိုင်ဦး၊ အသက် ၇၅ နှစ်အရွယ် ဦးတိုးရွှေ၊ အသက် ၂၇ နှစ်အရွယ် မသီသီတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မုန်းမြို့နယ် နိုတောတာရွာထဲကို စစ်ကော်မရှင်တပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် နော်ဖောတရာထီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း မုန်းမြို့နယ် ကပ်ကြီးဆိပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.