စိန့်ပေါလ်၊ ဇန်နဝါရီ ၂၄

အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် နှိမ်နှင်းနေမှုကို ကန့်ကွက်တဲ့ အနေနဲ့ ဇန်နဝါရီ ၂၃ ရက်မှာ ရာနဲ့ချီတဲ့ ဈေးဆိုင်တွေ ပိတ်ထားခဲ့ပြီး အပူအချိန် သိသိသာသာ လျော့ကျနေတဲ့ကြားက လူထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဥပဒေစည်းကြပ်ရေး တပ်ဖွဲ့ (ICE) ချထားမှုကို ဆန့်ကျင်တဲ့အနေနဲ့ လူအများ အလုပ်မဆင်းဘဲ ကျောင်းမတက်ဘဲ နေကြဖို့ ဈေးမဝယ်ဘဲ ဆန္ဒပြကြဖို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ဒေသခံတွေကို တိုက်တွန်းခဲ့ပြီးနောက် လူအများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ထရန့်အစိုးရရဲ့ ညွှန်ကြားချက်အရ ICE တပ်ဖွဲ့ဟာ မင်နီဆိုတားးပြည်နယ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းနေတာ အခုဆိုရင် သီတင်းခြောက်ပတ် ကျော်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတွင်း တရားမဝင် နေထိုင်နေတဲ့ ရာဇဝတ်ကောင်တွေကို ပြန်လည် ပို့ဆောင်ရေး ရည်ရွယ်ပြီး အများပြည်သူ ဘေးကင်းရေး အခုလို ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ထရန့် အစိုးရက ပြောဆိုထားပါတယ်။

ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ မှတ်တမ်း မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အမေရိကန်နိုင်ငံသားတွေလည်းဖမ်းဆီးခံနေရတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ICE က ဖမ်းဆီးထားသူတွေကို ပြန်မပို့ရေး မင်နီဆိုတားလေဆိပ်မှာ လေကြောင်းလိုင်းတွေကို တောင်းဆို ဆန္ဒပြကြတဲ့ ဘာသာရေးအဖွဲ့ဝင် ၁၀၀ လောက် ဇန်နဝါရီ ၂၃ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းရေး ထရန့်အစိုးရက မင်နီဆိုတားပြည်နယ်သို့ ဖက်ဒရယ် တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ချထားတာ ဖြစ်ပါတယ်။

အခုလစောစောပိုင်းက အသက် ၃၇ နှစ်အရွယ် မင်နီဆိုတားပြည်နယ်သူ တစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ပြည်နယ် တဝှမ်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ဒေသဆိုင်ရာ အရာရှိတွေက ICE ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

မင်နီဆိုတားပြည်နယ်မှာ ဆန္ဒပြသူတွေက ICE ထွက်သွားလို့ အော်ဟစ် တောင်းဆိုနေကြပါတယ်။

အပူချိန် အနုတ် ၁၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းနေပေမယ့် မင်နီဆိုတာပြည်နယ်သား ထောင်ပေါင်းများစွာက အခုလိုမျိုး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ဈေးဆိုင် ပိုင်ရှင်တွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ ဈေးဆိုင်တွေကို ပိတ်ထားခဲ့ကြ ပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.