လောင်းလုံးမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးသုံးဦး သေဆုံး
လောင်းလုံး၊ ဇန်နဝါရီ ၂၂ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စခန်းကြီးကျေးရွာမှာ မဲပေးစက် လာပို့ပြီး ပြည်သူတွေ မဲပေးကြဖို့ စည်းရုံးရေးဆင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဇန်နဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက…
