January 19, 2026

အမေရိကန်က နိုင်ငံတကာဥပဒေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုယုံကြည်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၉ အမေရိကန်ဟာ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့အတူ လုပ်ဆောင်နေပြီး နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုမိုယုံကြည်နေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ရှင်းလင်းတဲ့ ဥပဒေချိုးဖောက်မှုက နိုင်ငံစုံ ဖြေရှင်းမှု ကျိုးကြောင်း ဆီလျော်မှု မရှိဘူးဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောတာပါ။ အမေရိကန်ရဲ့…

အကျင့်ပျက်ခြစားမှုနဲ့ တရုတ် အကြီးတန်းအရာရှိ ၆၉ ဦး ပြစ်ဒဏ်ချမှတ်ခံရ

ဘေဂျင်း၊ ဇန်နဝါရီ ၁၉ ၂၀၂၅ ခုနှစ်အတွင်း လူပုဂ္ဂိုလ် တစ်သန်းနီးပါးကို အကျင့်ပျက်ခြစားမှုနဲ့အရေးယူခဲ့တယ်လို့ တရုတ် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဗဟိုကော်မတီ (CCDI) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူပေါင်း ၉၈၃၀၀ ဦးကို ပြစ်မှု အမျိုးမျိုးအတွက် ပြီးခဲ့တဲ့နှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီမတိုင်ခင်နှစ်က…

ဘီးလင်းမြို့နယ် တက်တူကုန်းရွာကို စစ်တပ် ဝင်စီး၊ အရပ်သား တစ်ဦး ဖမ်းဆီးနှိပ်စက်ခံရ

ဘီးလင်း၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူကုန်းကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သုံးရက်အကြာ တက်တူကုန်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ နှစ်ဖက်တိုက်ပွဲ…

ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံး

ရေး၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ အောင်သပြေကျေးရွာထဲ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က…

ကာ့ဒ်လူမျိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ဆီးရီးယားအစိုးရ အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

ဒမတ်စကတ်စ် ၊ဇန်နဝါရီ ၁၉ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF နဲ့ တစ်နိုင်ငံလုံး ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိကြောင်း ဆီးရီးယား အစိုးရက ကြေညာလိုက်ပြီး နိုင်ငံ့ နယ်မြေတွေကို ရာနှုန်းပြည့်နီးပါး ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ သီတင်းနှစ်ပတ်ကြာ တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီးနောက် SDF…

စပိန်မှာ မြန်နှုန်းမြင့် ရထားနှစ်စီး လမ်းချော်ပြီး လူ ၂၁ ဦး သေဆုံး

မက်ဒရစ်၊ ဇန်နဝါရီ ၁၉ စပိန်နိုင်ငံ တောင်ပိုင်းမှာ ဇန်နဝါရီ ၁၈ ရက်က မြန်နှုန်းမြင့် ရထား တစ်စီး လမ်းချော်ပြီး တခြား ရထားတစ်စီးကို ဝင်တိုက်မှုကြောင့် ဒုတိယရထားလည်း လမ်းချော်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ရထားနှစ်စီး လမ်းချော်ပြီး တိုက်မိမှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ရထား နှစ်စီး…