ရေးမှာ ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
ရေး၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန်လောက်မှာ ရွာခံဖြစ်တဲ့ အသက် ၅၀ အရွယ်ရှိ ဦးကျိုက်ဟာ နေအိမ်ကနေ ကျေးရွာအပြင်တောစပ်မှာ ဝါးခုတ်ဖို့အသွား ရွာပြင်အရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့်…
