ထားဝယ်မှာ စစ်ကြောင်းက CDM ဆရာမတစ်ဦး ပစ်သတ်ပြီး နေအိမ်ကိုးလုံးမီးရှို့
ထားဝယ်၊ ဖေဖော်ဝါရီ ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က CDM ကျောင်းဆရာမတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုးလုံး မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရောင်းမော်ကျေးရွာထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ အဲဒီစစ်ကြောင်းဟာ လက်ရှိမှာ ရောင်းမော်ကျေးရွာက…