ဂျော်ဂျီယာမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို ပထမကမ္ဘာစစ် အဆိပ်ရှိ ဒြပ်ပေါင်းနဲ့ ပက်ဖြန်းခဲ့
တီဘလီစီ၊ ဒီဇင်ဘာ ၁ ပြီးခဲ့တဲ့နှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ဂျော်ဂျီယာ အာဏာပိုင်တွေက ပထမ ကမ္ဘာစစ်ခေတ် ဓာတုလက်နက်ကို အသုံးပြုခဲ့ကြောင်း ဘီဘီစီသတင်းဌာနက စုဆောင်းထားတဲ့ အထောက်အထားတွေက ဖော်ပြနေပါတယ်။ မြို့တော် တီဘလီစီရဲ့ လမ်းမတွေမှာ ဆန္ဒပြသူတွေဟာ မီးသတ်ပိုက်နဲ့ ပက်ဖြန်းခံရချိန်မှာ ရေက မီးလောင်သလို ခံစားရတယ်လို့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။…
