November 20, 2025

ပုလောတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ပုလော၊ နိုဝင်ဘာ ၂၀ တနင်္သာရီတိုင်း ပုလောမြို့နယ် သင်္ကန်းတုံးကျေးရွာအနီး တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပလမြို့ကနေ သင်္ကန်းတုံးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း…

ကျားဖြန့်နှိမ်နင်းရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ KNU ကတိကဝတ်ပြု

မြဝတီ၊ နိုဝင်ဘာ ၂၀ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ အစိုးရအချင်းချင်းဗဟိုပြု ချဉ်းကပ်မှုပုံစံကိုစွဲကိုင်ပြီး မြန်မာစစ်တပ်နဲ့သာ ပူးပေါင်းမယ်ဆိုပါက ထိရောက်အောင်မြင်နိုင်မှု မရှိတဲ့အပြင် ပြည်သူလူထုအပေါ် မလိုလားအပ်တဲ့ ဆိုးကျိုးတွေသက်ရောက်လာနိုင်တယ်လို့ KNU က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ယက်တွေ၊ ဆောင်ရွက်နေမှုတွေနဲ့ အဲဒီဆက်စပ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိုက်ဖျက်ရေးကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ KNU ရဲ့ ကတိကဝတ်ပြုမှုဆိုတဲ့ခေါင်းစဉ်နဲ့ KNU…

ရွေးကောက်ပွဲပျက်ပြားအောင် စည်းရုံးလှုံ့ဆော်မှုနဲ့ PDF တွေကိုပါ စစ်ကော်မရှင် အမှုဖွင့်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၀ အခုနှစ်ကုန်ပိုင်းမှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးတဲ့ စွပ်စွဲချက်နဲ့ လုပ်ဆောင်ခဲ့တွေကို ဖမ်းဆီးအမှုဖွင့်ထားသလို PDF တွေကိုပါ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ကိုယ်ထိလက်ရောက် ထိခိုက်ဒဏ်ရာအောင်…

စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုဖို့ ယူကရိန်းသို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတွေ ရောက်ရှိ

ကိဗ်၊ နိုဝင်ဘာ ၂၀ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးရေး ယူကရိန်းသို့ ပင်တဂွန် အကြီးတန်းအရာရှိတွေ ရောက်ရှိသွားပြီလို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန် ဒရစ်စကိုးလ် ဦးဆောင်တဲ့ အဖွဲ့ဟာ တူရကီက ပြန်လာမယ့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ နိုဝင်ဘာ ၂၀ ရက်…

မြန်မာနိုင်ငံက ရေတွင်းရေကန်တွေမှာ အာဆင်းနစ်အဆိပ် ပါဝင်မှု ပမာဏ အများအပြားတွေ့ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသရှိ လူပေါင်း ၁၂ သန်းဟာ သူတို့ရဲ့ သောက်ရေမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်း အာဆင်းနစ် ပါဝင်နေတာကြောင့် ပြင်းထန်တဲ့ ရေရှည် ကျန်းမာရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပို့စ်မောက်တက္ကသိုလ် ဦးဆောင်တဲ့ လေ့လာမှုအတွင်း ရေတွင်းရေကန်ပေါင်း ၁၂၄၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို လေ့လာခဲ့ပြီး ၇၁ ရာခိုင်နှုန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့…