တိုကျို၊ အောက်တိုဘာ ၂၈
မိမိတို့ ပါဝင်တဲ့စစ်ပွဲ တစ်ပွဲ ဖြစ်လာရင် မိမိတို့ အနိုင်ရမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ် ဝါရှင်တန်ပေါ်ရှိ အမေရိကန် စစ်သားတွေကို ပြောလိုက်ပါတယ်။
ဂျပန်ရဲ့ အသစ်စက်စက် ရွေးကောက်ခံထားရတဲ့ ဝန်ကြီးချုပ် ဆာနေး တာကာအိချီနဲ့ မြေရှားသတ္တုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထရန့်က အမေရိကန် စစ်သားတွေကို အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ မယုံနိုင်စရာကောင်းတဲ့ မဟာမိတ် ဂျပန်၊ ကမ္ဘာတဝှမ်းရှိ မိမိတို့ရဲ့ မဟာမိတ်တွေနဲ့ အတူ အင်အားတောင့်တင်းစွာ ဂုဏ်ယူစွာနဲ့ ရပ်တ်နေတယ်လို့လည်း ထရန့်က ပြောပါတယ်။
မိမိတို့အနေနဲ့ တိုက်ပွဲဝင်ပြီးရင်း ဝင်သွားမှာ ဖြစ်ပြီး အနိုင်ရပြီးရင်း အနိုင်ရမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
မိမိတို့အနေနဲ့ ဂျပန်အတွက် ငွေရှာပေးထားတာတွေ အများကြီး ရှိပေမယ့် ဂျပန်ဟာ အမေရိကန်မှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်တာကြောင့် အဆင်ပြေတယ်လို့လည်း သူက ပြောပါတယ်။
သူ့အနေနဲ့ နိုင်ငံရေးအရ မှန်ကန်မှု ရှိမှာ မဟုတ်ဘူးလို့လည်း ထရန့်က သြဘာပေးနေကြတဲ့ အမေရိကန် စစ်သားတွေကို ပြောကြားပါတယ်။ ဒါပေမဲ့ အမေရိကန်ကို ကာကွယ်ရမယ့် အချိန်မှာ အဲဒါဟာ ကိစ္စမရှိဘူးလို့လည်း သူက ပြောပါတယ်။

ထရန့်က ဂျပန်ဝန်ကြီးချုပ်အသစ် တာကာအိချီကို ချီးကျူးပြီး နှစ်နိုင်ငံ မဟာမိတ်ဖွဲ့မှု ရွှေရောင်ခေတ်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးက ပြောကြား ပါတယ်။
ထရန့်ဟာ ဂျပန်က ထွက်ခွာပြီးနောက် တောင်ကိုရီးယားသို့ သွားရောက်မှာ ဖြစ်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
အောက်တိုဘာ ၂၈ ရက် စောစောပိုင်းမှာ ဝန်ကြီးချုပ် တာကာအိချီက ဂေါက်သီးရိုက် ပစ္စည်းတွေ ထရန့်ကို လက်ဆောင်ပေးခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဂျပန် ပြန်လာပြီဆိုတဲ့ စာသား ပါဝင်တဲ့ ကပ်ဦးထုပ် နှစ်လုံးမှာလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျပန်စစ်တပ်အတွက် အမေရိကန်က ပေးပို့မယ့် ပထမအသုတ် ဒုံးကျည်တွေ အခု သီတင်းပတ် အတွင်း ရောက်ရှိလာမယ်လို့ ထရန့်က ပြောပါတယ်။
တာကာအိချီက အမေရိကန်-ဂျပန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC

