ပုလော၊ အောက်တိုဘာ ၂၅

တနင်္သာရီတိုင်း ပုလောမြို့နယ် တိုက်ပွဲမှာ စစ်တပ်ဒရုန်းကြောင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ပေါင်းစု စစ်ကြောင်းမှူး ကျဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပုလောမြို့နယ် တန်ရှင်းကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ KNDO ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ကြောင်းပြန်ဆုတ်စဉ် စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် KNDO တပ်ပေါင်းစု စစ်ကြောင်းမှူး ဗိုလ်သာဝါး ကျဆုံးခဲ့ပြီး ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျဆုံးသွားတဲ့ စစ်ကြောင်းမှူး ဗိုလ်သာဝါးဟာ KNDO တပ်ပေါင်းစုရဲ့ စစ်ကြောင်းမှူး ဖြစ်ပြီး ရဲစွမ်းထက်မြတ်သလို တိုက်ရေးခိုက်ရေး ကောင်းသူ တစ်ဦး ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်လကစလို့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားပြည်သူ ၇၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.