ဝါရှင်တန်၊ အောက်တိုဘာ ၂၄

အစ္စရေးအနေနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသကို သူတို့ ပိုင်နက်ထဲ သွပ်သွင်းခဲ့မယ်ဆိုရင် အမေရိကန်ဆီက ရရှိနေတဲ့ အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေ အစ္စရေး လက်လွှတ် ဆုံးရှုံးရလိမ့်မယ်လို့ သမ္မတ ထရန့်က ပြောကြားကြောင်း တိုင်းမ်စ် မဂ္ဂဇင်းရဲ့ အောက်တိုဘာ ၂၃ ရက် ဖော်ပြတဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။

အနောက်ဖက် ကမ်းခြေဒေသကို အစ္စရေး ပိုင်နက်ထဲ မသွပ်သွင်းရေး အမေရိကန် ဒုသမ္မတ ဂျေဒီဗင့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့က သတိပေးခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်က ဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့တာလို့ တိုင်းမ်စ် မဂ္ဂဇင်းက ပြောတဲ့ အဲဒီ မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မိမိအနေနဲ့ အာရပ်နိုင်ငံတွေကို ကတိပေးထားခဲ့တာကြောင့် အနောက်ဖက် ကမ်းခြေဒေသကို အစ္စရေး ပိုင်နက်ထဲ သွပ်သွင်းမှု ဖြစ်လာမှာ မဟုတ်ကြောင်း၊ မိမိတို့ဟာ အာရပ်နိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ ဒီအနေအထားကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

အနောက်ဖက် ကမ်းခြေဒေသကို အစ္စရေးက သူတို့ပိုင်နက်ထဲ သွပ်သွင်းခဲ့မယ်ဆိုရင် အမေရိကန်ဆီက ရရှိနေတဲ့ ကူညီ ထောက်ပံ့မှုတွေ ဆုံးရှုံးသွားနိုင်တယ်လို့ ထရန့်က ပြောထားတာပါ။

အာရပ် နိုင်ငံတွေနဲ့ အစ္စရေးကြား ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေဖို့ ရည်ရွယ်တဲ့ အေဗရာဟင် သဘောတူညီမှုမှာ အခုနှစ် ကုန်ရင် ဆော်ဒီအာရေးဗီးယားလည်း ပါဝင်လာဖို့ရှိနေပါတယ်။

ဆော်ဒီမှာ အရင်က ဂါဇာ ပြဿနာနဲ့ အီရန် ပြဿနာတွေ ရှိခဲ့ပြီး အခု အဲဒီ ပြဿနာတွေ မရှိတော့တာကြောင့် သဘောတူညီမှုမှာ ပါဝင်လာမယ်လို့ ယုံကြည်ကြောင်း ထရန့်က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အထင်ကရ ပါလက်စတိုင်း အကျဉ်းသား မန်ဝါ ဘာဂေါက်တီကို အစ္စရေးက ပြန်လွှတ်ပေးသင့်၊ မသင့် ဆုံးဖြတ်ပေးသွားဖို့ ရှိနေတာပါ။

ဟားမာ့စ်ရဲ့ ပြိုင်ဖက် ဖာတာအဖွဲ့က ဘာဂေါက်တီဟာ ဂါဇာ သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဟားမာ့စ်က ပြန်လွတ်စေချင်နေတဲ့ ပါလက်စတိုင်းသားတွေထဲမှာ ပါဝင်နေပါတယ်။

အခုလ စောစောပိုင်းက သူကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ပြိုကွဲနိုင်တဲ့ ဂါဇာ သဘောတူညီမှု အားကောင်းလာစေဖို့ ထရန့်က အစ္စရေးသို့ အရာရှိအများအပြားကို ပြီးခဲ့တဲ့ ရက်ပိုင်းက စေလွှတ်ခဲ့ပါတယ်။

ဒါပေမဲ့ အနောက်ဖက်ကမ်းခြေဒေသကို အစ္စရေး ပိုင်နက်ထဲ သွပ်သွင်းရေး ဥပဒေကြမ်း နှစ်ခုကို အစ္စရေးလွှတ်တော် အမတ်တွေက မဲခွဲ အတည်ပြုဖို့ ဆောင်ရွက်နေတော့ အမေရိကန် ဒုသမ္မတ မိုက်ဗင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ကလည်း ကန့်ကွက်ခဲ့ကြပါတယ်။

အစ္စရေး လွှတ်တော်ရဲ့ လုပ်ရပ်ဟာ ရူးမိုက်တဲ့ နိုင်ငံရေး စတန့်ပြကွက် တစ်ခု ဖြစ်တယ်လို့ ဂျေဒီ ဗင့်စ်က ပြောပါတယ်။

အနောက်ဖက် ကမ်းခြေဒေသကို အစ္စရေး ပိုင်နက်ထဲ သွပ်သွင်းလိုက်မယ် ဆိုရင် ဂါဇာ သဘောတူညီမှု ပျက်ပြယ်သွားနိုင်တယ်လို့ မာကို ရူဘီယိုက သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.