October 20, 2025

စစ်အာဏာသိမ်း (၁၇၂၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၈၈) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၁ AAPP ရဲ့ အောက်တိုဘာ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၂၃) ရက်အတွင်း ပြည်သူ (၇၃၈၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၄၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ပွဲအလွန် တော်လှန်ရေးအင်အားစုတွေကို စစ်တပ် ဆက်လက်ရင်ဆိုင်ရနိုင်ဖွယ်ရှိ

နေပြည်တော် ၊ အောက်တိုဘာ ၂၁ လာမယ့် နှစ်ကုန်ပိုင်းမှာ စတင်ကျင်းပသွားမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်လာရင်လည်း တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ဆက်လက်ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက အဲဒီရွေးကောက်ပွဲကို အတုအယောင်လို့သာ သတ် မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်သလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်ထားကြတာပါ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့…

မွန်ညီညွတ်‌ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေထဲ ရွေးကောက်ပွဲဝင်ပြိုင်ဖူးသူ ၁၀ ဦးကျော် ပါဝင်

မော်လမြိုင်၊ အောက်တိုဘာ ၂၁ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃၈ ဦးထဲ အရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖူးတဲ့ ကိုယ် စားလှယ်လောင်း အဟောင်း ၁၀ ဦးကျော် ပါဝင်တယ်လို့ ပါတီပြောခွင့်ရ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့…

တနင်္သာရီမှာ စစ်အင်အားတိုး စစ်ကြောင်းထိုးလို့ နေ့စဉ်တိုက်ပွဲပြင်းထန်နေ

တနင်္သာရီ၊ အောက်တိုဘာလ ၂၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်ဘက်က အင်အားတိုး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြိတ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ အင်အား ၅၀၀ ကျော်သုံးပြီး စစ်ကြောင်း ၄ ကြောင်းခွဲကာ အောက်တိုဘာ ၁၄ ရက်နေ့ကစတင်လို့ စစ်ကြောင်းထိုးလာတာကြောင့် နေ့စဉ် ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။ အခုတစ်ခေါက်…

လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ

လောင်းလုံး၊ အောက်တိုဘာလ ၂၀ တနင်္သာရီတိုင်း လောင်းလုံးမြိုနယ်မှာ စစ်ကော်မရှင် စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၃၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကော်မရှင် တပ်အင်အား ၁၀၀ ကျော်ဟာ ရေလမ်းကနေ ကျောက်ဆင်ကျေးရွာကိုဝင်ရောက်လာပြီးနောက် အနီးအနား ကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးနေတာလို့ ဆိုပါတယ်။ ကျောက်ဆင်ရွာကနေ သဘော့ဆိပ် အဲဒီကနေ…

မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူကြဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

ဗာတီကန်စီးတီး၊ အောက်တိုဘာ ၂၀ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်မှာ အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ လူထု ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ငြိမ်းချမ်းရေး ရယူကြဖို့ ပန်ကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မေလကတည်းက ပြည်တွင်းစစ် ပြင်းထန်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ပေါ်လာတဲ့ သတင်းတွေဟာ စိတ်မချမ်းမြေ့စရာ…

အိန္ဒိယ ဒေဝါလီပွဲတော်မှာ လူသန်းပေါင်းများစွာ ပါဝင်ဆင်နွှဲ

နယးူဒေလီ၊ အောက်တိုဘာ ၂၀ ဟိန္ဒူဘာသာရဲ့ အထင်ရှားဆုံးနဲ့ လူအများ စောင့်ကြည့်တဲ့ ပွဲတော်တွေထဲ တစ်ခုဖြစ်တဲ့ မီးထွန်းပွဲတော် တနည်း ဒေဝါလီပွဲတော်မှာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာ ပါဝင်ဆင်နွှဲနေကြပါတယ်။ ပွဲတော်အတွင်း အိမ်တွေနဲ့လမ်းမတွေမှာ မီးပုံးတွေထွန်းညှိပြီး ဗျောက်အိုးတွေ ဖောက်နေကြနေချိန်မှာ လေထုညစ်ညမ်းမှုကလည်း ပိုမို ဆိုးရွားလာနေပါတယ်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုဟာ ပြဿနာ တစ်ခု ဖြစ်နေပြီး ဆောင်ရာသီ…

ဂါဇာမှာ လေကြောင်း တိုက်ခိုက်မှုတွေအပြီး အပစ်အခတ်ရပ်စဲရေး ပြန်လုပ်မယ်လို့ အစ္စရေး ပြော

ဂျေရုစလင်၊ အောက်တိုဘာ ၂၀ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ ဟားမာ့စ်အဖွဲ့က ပြောထားတဲ့ အခြေအနေကို တုံ့ပြန်မှုအတွင်း အစ္စရေးက အောက်တိုဘာ ၁၉ ရက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး စည်းကြပ်မှု ပြန်လည် စတင်သွားမယ်လို့ အစ္စရေးက ပြောလိုက်ပါတယ်။ ရာဖာမြို့ရှိ မိမိတို့တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေက…

အမေရိကန်နိုင်ငံတဝန်း ထရန့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူသန်းပေါင်းများစွာ ပါဝင်

ဝါရှင်တန်၊ အောက်တိုဘာ ၂၀ နယူးယောက်၊ ဝါရှင်တန် ဒီစီ၊ ချီကာဂို၊ မီယာမီနဲ့ လော့စ်အန်ဂျလိစ်တို့ အပါအဝင် အမေရိကန် နိုင်ငံတဝန်းရှိ မြို့တွေမှာ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ “ဘုရင်တွေ အလိုမရှိ” ဆန္ဒပြပွဲတွေမှာ လူတွေ အများကြီး ပါဝင်ခဲ့ကြပါတယ်။ နယူးယောက်စီးတီးရဲ့ အထင်ကရ တိုင်းမ်စကွဲလမ်းဆုံမှာ လူထောင်ပေါင်းများစွာက “ဒီမိုကရေစီဆိုတာ ဘုရင်စနစ်…

သံတွဲနဲ့ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းခွင့် AA ရက်အကန့်အသတ်မရှိ ပိတ်ပင်

သံတွဲ၊ အောက်တိုဘာ ၂၀ အာရက္ခပြည်နယ် ပင်လယ်ကမ်းခြေအနီးရှိ မြို့ရွာတွေမှာ ရေလုပ်ငန်းကို အဓိကလှုပ်ကိုင်နေတဲ့ ပြည်သူတွေအနေနဲ့ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းခြင်းမပြုကြဖို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ရှိ သံတွဲနဲ့ ဂွမြို့အနီးရှိ ပင်လယ်ပြင်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ငါးဖမ်းခြင်းမပြုကြဖို့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး…