သံတွဲ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းနီး မြို့ရွာတွေက မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ အာရက္ခတပ်တော် AA က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်က လက်ရှိမှာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ ၅ ခုမှာ အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီလို့ အသိပေးထားပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာတွေထဲက အချို့သော နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဖက်မှာ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေဟာ ပင်လယ်ပြင်ကနေ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ရပ် ရွာတွေကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာ၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ ရေလုပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ စစ်ကော်မရှင်ဟာ သံတွဲနဲ့ဂွမြို့အနီးပတ်ဝန်းကျင်ကို စစ်သ င်္ဘောကနေ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိ ပေးထားပါတယ်။

ဒါ့ကြောင့် ပင်လယ်ကမ်းနီး မြို့ရွာတွေက မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ရေကြောင်း၊ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ စစ်ရေးသတိရှိဖို့ အာရက္ခတပ်တော် AA က သတိပေးထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.