ဒိုက်ဦး၊ အောက်တိုဘာ ၁၁
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးသား ၁၆ ဦးကို ထောင်အာဏာပိုင်တွေက အပြစ်တစ်စုံတရာ ကျူးလွန်ခြင်းမရှိဘဲ ခြေကျင်းဒေါက်ခတ်ကာ တိုက်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးကအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။
ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်အာဏာပိုင်တွေက လူစုလူဝေး ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါးယောက်တစ်စု လူခွဲကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ ပြစ်ဒဏ်တိုက်မှာ တိုက်ပိတ်ခဲ့တာပါ။
တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘာအပြစ်တစ်ခုမှ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံ ရေးအကျဉ်းသားတစ်ဦးကို အခြားအကျဉ်းသားတွေက ဝိုင်းဝန်းထိုးကြိတ်မှုအပေါ် မကျေနပ်တာကြောင့် ဖြေရှင်းပေးဖို့ အဆောင်းမှူးကို တင်ပြခဲ့တာပါ။
အဲဒီ ဖြစ်စဉ်ကို ဖြေရှင်းပေးခြင်းမရှိတဲ့အပြင် လာရောက်တောင်းဆိုသူတွေကို လူစုလုဝေး ပြုလုပ်တယ်ဆိုတဲ့အကြာင်းပြချက်နဲ့ တိုက်ပိတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး အကျဉ်ထောင်းတွေရှိ နိုင်ငံရေးအကျဉ်း သားတွေကို ဦးတည်ဖိနှိပ်တဲ့ ဖိနှိပ်ရေးယန္တရားအဖြစ် ပိုမိုလုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။
တစ်ဖက်မှာလည်း PPNM အနေနဲ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၄၀ ကျော်ကို စောင့်ကြည်လေ့လာနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေရာ ပဲခူးတိုင်း ဒိုက်ဦးထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှပ်မှု အများဆုံး ထောင် ၅ ခုထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း ပဲခူးတိုင် ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အတင်းအဓမ္မ အင်အားသုံးခေါ်ဆောင်ကာ အမျိုးသားအဆောင်တိုက်အ တွင်းကနေ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media