October 11, 2025

အပစ်ရပ် သဘောတူညီမှု အသက်ဝင်လာပြီးနောက် ဂါဇာဒေသမှ အစ္စရေးတပ်တွေ ထွက်ခွာ

ဂျေရုစလင်၊ အောက်တိုဘာ ၁၁ အစ္စရေးနဲ့ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာအောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက စတင် အသက်ဝင်လာပြီးနေက် ဂါဇာ ဒေသတွေက တပ်ဖွဲ့ဝင်များ တစ်စိတ်တစ်ပိုင်း ဆုတ်ခွာနေပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အဲဒီ ကမ်းမြောင်ဒေသရဲ့ ထက်ဝက်လောက်ကို အစ္စရေးတပ်တွေ သိမ်းပိုက်ထားဆဲ ဖြစ်ပေမယ့် နယ်နိမိတ်အတွင်း သဘောတူထားတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာနေပြီလို့ အစ္စရေးတပ်တွေက…

ထရန့်ကို ငြိမ်းချမ်းရေးဆု မချီးမြှင့်တဲ့အတွက် နိုဘယ်ဆု ကော်မတီကို အိမ်ဖြူတော် ဝေဖန်

ဝါရှင်တန်၊ အောက်တိုဘာ ၁၁ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ကျော်ပြီး ဗင်နီဇွဲလား ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ တစ်ဦးကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တဲ့အတွက် နိုဘယ်ဆု ကော်မတီဟာ ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို အသားပေးခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က စွပ်စွဲလိုက်ပါတယ်။ ဗင်နီဇွဲလား ပြည်သူတွေအတွက် ဒီမိုကရေစီ အခွင့်အရေးတွေ အားကောင်းလာစေရေး မမောမပန်း ဆောင်ရွက်ခဲ့တဲ့ မာရီယာ ကိုရီနာ…

ရခိုင်ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ AA သတိပေး

သံတွဲ၊ အောက်တိုဘာ ၁၁ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းနီး မြို့ရွာတွေက မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ အာရက္ခတပ်တော် AA က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်က လက်ရှိမှာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ ၅ ခုမှာ အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီလို့ အသိပေးထားပါတယ်။ ဒါ့အပြင်…

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ခြေကျင်းခတ် တိုက်ပိတ်ခံရ

ဒိုက်ဦး၊ အောက်တိုဘာ ၁၁ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးသား ၁၆ ဦးကို ထောင်အာဏာပိုင်တွေက အပြစ်တစ်စုံတရာ ကျူးလွန်ခြင်းမရှိဘဲ ခြေကျင်းဒေါက်ခတ်ကာ တိုက်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးကအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်အာဏာပိုင်တွေက လူစုလူဝေး ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါးယောက်တစ်စု လူခွဲကာ ပြီးခဲ့တဲ့…

ပုလောမှာ စစ်မှုထမ်းတပ်သားနှစ်ဦး KNLA ထံ အလင်းဝင်

ပုလော၊ အောက်တိုဘာ ၁၁ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄)က ထုတ်ပြန်ပါတယ်။ ပုလောမြို့နယ်အခြေစိုက် ခလရ ၁၀၁ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် တပ်သား ကိုရဲသီဟဟာ လက်နက်ခဲယမ်းနဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၅…

မြန်မာပြည်တောင်ပိုင်းက အခြေအနေတွေ ဘယ်လောက်အထိ ဆိုးရွားနေလဲ

“မြို့ကြီးဘက်ခြမ်းမှာ နေတဲ့သူတွေကျတော့ ညအချိန်မတော်ထွက်လာတဲ့ သူတွေ ခရီးသွားတဲ့သူတွေလည်း သူတို့ဖမ်းဆီးမှုတွေ ပြုလုပ်တာတွေလည်း တွေ့ရတယ်” – နိုင်မရော့မွန် (အဖွဲ့ ပြောခွင့်ရ) မြန်မာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှု ကွန်ယက်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း လုံခြုံရေးအပါအဝင် စစ်တပ်ရဲ့ စစ်အရှိန်မြှင့်မှု တိုက်ပွဲဖြစ်စဉ်တွေနဲ့ နေရပ်စွန့်ခွာရမှုအခြေအနေတွေကို အစီရင်ခံစာတစ်စောင် မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ အဲဒီ မြန်မာပြည်တောင်ပိုင်းအခြေပြု…