October 9, 2025

ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ စစ်ယူနီဖောင်းချွတ် အပြောင်းအလဲသာ မြင်တွေ့နိုင်စရာရှိ

မော်လမြိုင် ၊ အောက်တိုဘာ ၉ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ဖို့ စနစ်တကျ ပြင်ဆင်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ စစ်ယူနီဖောင်းချွတ်အပြောင်းအလဲသာ မြင်တွေ့နိုင်စရာရှိတယ်လို့ BNI Myanmar Peace Monitor က သုံးသပ်ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲအလွန် စစ်ယူနီဖောင်းချွတ်အပြောင်းအ လဲဆိုတဲ့ အပတ်စဉ်သုံးသပ်ချက်အစီရင်ခံစာမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့်…

ပွင့်ဖြူမြို့နယ် မဲဇလီ-ဆည်တော်တံတားဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်

ပွင်ဖြူ၊ အောက်တိုဘာ ၉ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီ-ဆည်တော် တံတားဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတံတားဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်…

စစ်အာဏာသိမ်း (၁၇၁၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၃၉) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၉ AAPP ရဲ့ အောက်တိုဘာ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၁၁) ရက်အတွင်း ပြည်သူ (၇၃၃၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်တပ်က လက်လွှတ်ထားရတဲ့ နယ်မြေတွေမှာ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ

မော်လမြိုင် ၊ အောက်တိုဘာ ၉ လာမယ့် ဒီဇင်ဘာမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကော်မရှင်က လက်ရှိမှာ လက်လွှတ်ထားရတဲ့ နယ်မြေ‌တွေမှာ စစ်တပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ရခိုင်အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်က ဒေသတွေနဲ့ အလယ်ပိုင်းဒေသတွေမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လာတာပါ။ စစ်ရေးလှုပ်ရှားမှုတွေထဲမှာ လက်လွှတ်နယ်မြေတွေထဲက…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်မီ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မော်လမြိုင် ၊ အောက်တိုဘာ ၉ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီကာလအတွင်း ဒေသတွင်းက လူငယ်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ဒေသတွေက ကျေးရွာနေ လူ ငယ်တွေ အများဆုံးပါဝင်ပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ…

ရေဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

ရေဖြူ၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲတလင်းနဲ့လော့သိုင်းကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ထံကနေ သိရပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရာဖူးကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အချိန်နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း…

ထားဝယ်မြို့နယ် ထီးခီးဒေသကို တစ်ရက်တည်း စစ်တပ် ဗုံးအလုံး ၄၀ ကျော် ကြဲချ

ထားဝယ်၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က တစ်ရက်တည်း ဗုံးအလုံး ၄၀ ကျော် ကြဲချသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၈ ရက်နေ့ မနက် ၉ နာရီနဲ့ နေ့လည် ၂ နာရီလောက်မှာ တိုက်ပွဲမရှိဘဲ Y 12 လေယာဉ်နဲ့…