September 2025

ရေး-ထားဝယ်ကားလမ်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းတွေပုပ်ကုန်လို့ စွန့်ပစ်နေရ

ရေဖြူ၊ စက်တင်ဘာလ ၅ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းမှာ လမ်းပိတ်ထားတာ ၁၀ ရက် ရှိလာလို့ ကုန်စိမ်းတွေ ပုပ်ကုန်တဲ့အတွက် စွန့်ပစ်နေရတယ်လို့ ကုန်စိမ်းတင်ယာဉ်မောင်းတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့အထိဖြတ်သန်းသွားလာလို့ မရဘဲ အပိတ်ခံထားရပြီး တင်လာတဲ့ ကုန်တွေဟာ ရက်ကြာလာလို့ ပုပ်သိုးကုန်တာကြောင့် စွန့်ပစ် ရှင်းထုတ်နေရတယ်လို့…

မုဒုံမှာ ညပိုင်းစစ်ဆေးမှုပိုများလာ

မုဒုံ၊ စက်တင်ဘာလ ၅ မွန်ပြည်နယ် မုဒုံမြို့၊ ရွှေဟင်္သာဈေးအနီးမှာ စရဖသတင်းပေး တစ်ဦး ပစ်သတ်ခံရပြီးနောက် ညပိုင်းအချိန် စစ်ဆေးမှု ပိုများလာတယ်လို့ မြို့ခံတွေထံကသိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းကစပြီး ညတိုင်း မုဒုံကန်ကြီးအရှေ့၊ မြို့ဝင်မြို့ထွက်နေရာတွေနဲ့ မြို့တွင်းလမ်းတွေမှာပါ စစ်ဆေးမှုတွေပြုလုပ်လာတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ အပြာဝတ်အဖွဲ့တွေဟာ ညအချိန်တွေမှာ ဆိုင်ကယ်တွေနဲ့ မော်တော်ယာဉ်တွေကို…

အခွန် အမှုရှုံးနိမ့်ရင် ကုန်သွယ်ရေး သဘောတူညီမှုတွေ ဖြေလျှော့ရဖွယ်ရှိတယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ ၄ နိုင်ငံတော်တရားရုံးမှာ အခွန်နဲ့ သက်ဆိုင်တဲ့ အမှု ရှုံးနိမ့်သွားခဲ့ရင် ဥရောပ သမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ တခြားနိုင်ငံတွေနဲ့ ရယူထားတဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေကို ဖြေလျှော့ပေးရနိုင်ပြီး အမေရိကန် အနေနဲ့ အရမ်း ကြီးကြီးမားမား ထိခိုက်နစ်နာလိမ့်မယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က စက်တင်ဘာ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ထရန့်ရဲ့…

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ မဆွေးနွေးရင် အင်အားသုံး အဆုံးသတ်ပစ်မယ်လို့ ပူတင်ခြိမ်းခြောက်

မော်စကို၊ စက်တင်ဘာ ၄ ယူကရိန်း စစ်ပွဲကို ညှိနှိုင်းမှုတွေကတဆင့် အဆုံးသတ်နိုင်မယ့် နည်းလမ်းကို ပိုသဘောကျပေမယ့် စစ်ပွဲ အဆုံးသတ်ရေး အင်အားသုံးရမယ့် နည်းလမ်း တစ်ခုတည်းရှိတော့တယ် ဆိုရင်လည်း အဲဒီနည်းလမ်းအတိုင်း အင်အားသုံးဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ တရုတ်သို့ ဂတ်စ်ပိုက်လိုင်း အသစ်သွယ်တန်းရေး သဘောတူညီမှု ရရှိခဲ့တဲ့…

ပြည်အကျဉ်းထောင်မှာ အပုပ်နံ့ထွက်နေတဲ့ရေကိုသာ သုံးစွဲနေရတာကြောင့် အကျဉ်းသားတွေ ရောဂါဖြစ်ပွားနေ

ပြည်၊ စက်တင်ဘာ ၄ ပဲခူးတိုင်း ပြည်အကျဉ်းထောင်ရှိ အကျဉ်းသားတွေဟာ အပုပ်နံ့ထွက်နေတဲ့ ရေကိုသာ သောက်သုံးနေရတာကြောင့် ရောဂါဖြစ်ပွားနေတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ (WOPP) ထံက သိရပါတယ်။ အကျဉ်းထောင်မှာ သောက်သုံးရေအဖြစ် အသုံးပြုဖို့ ဆောက်လုပ်ထားတဲ့ ရေသန့်စက်ကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀ နှစ်ကျော်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပြီး ရေသိုလှောင်ထားတဲ့နေရာ၊ စက်ပစ္စည်းတွေကို သန့်ရှင်းတာနဲ့ ရေလဲလှယ်တာတွေ မပြုလုပ်တာ ကြာမြင့်ပြီဖြစ်တာကြောင့်…

သီပေါမှာ စစ်ကော်မရှင် ထပ်မံဗုံးကြဲ

သီပေါ၊ စက်တင်ဘာ ၄ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မ တော် (TNLA) က ထုတ်ပြန်ထားပါတယ်။ မနေ့ စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ သီပေါမြို့နယ် ဘော်ကြို‌ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့်…

စစ်အာဏာသိမ်း (၁၆၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၄ AAPP ရဲ့ စက်တင်ဘာ ၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၇၆) ရက်အတွင်း ပြည်သူ (၇၁၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာ

မော်လမြိုင် ၊ စက်တင်ဘာ ၄ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေလည်း ပြန်လည်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးအပတ်က ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၃၇၀ ဝန်းကျင်သာရှိခဲ့ရာမှ စက်တင်ဘာ ၃ ရက်နေ့မှာတော့ ရွှေတစ်အောင်စကို ဒေါ်လာ ၃၅၃၀ ဝန်းကျင်အထိ မြင့်တက်လာတာပါ။ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းကလည်း အခေါက်ရွှေ…

တရုတ်နဲ့ အိန္ဒိယဆီက နိုင်ငံရေးအာမခံချက်တွေ ရရှိခဲ့တယ်လို့ စစ်ကော်မရှင်ပြော

ပေကျင်း ၊ စက်တင်ဘာ ၄ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံ‌ရေးအရ အာမခံချက်တွေကို တရုတ်နဲ့ အိန္ဒိယနိုင်ငံဆီက ရရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်မှု အပါအဝင် တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို သူက ဖြေကြားထားတာပါ။ သမ္မတ…

စစ်အုပ်စုကို အသိအမှတ်ပြုမှု ဆိုင်းငံ့ထားဖို့ တရုတ်အစိုးရထံ NUG တိုက်တွန်းစာပေးပို့

ပေကျင်း၊ စက်တင်ဘာ ၄ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် တရုတ်ဆီက အာမခံချက်ရရှိခဲ့တယ်လို့ စစ်‌ကော်မရှင်က ထုတ်ပြောပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်အုပ်စုကို အသိအမှတ်ပြုမှုအပေါ် ဆိုင်း ငံ့ထားဖို့ တရုတ်အစိုးရထံ တိုက်တွန်းစာပေးပို့ခဲ့တယ်လို့ စက်တင်ဘာ ၃ ရက်နေ့မှာ အသိပေးပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်အုပ်စုခေါင်းဆောင်နဲ့ ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး…