ကျောက်မဲ၊ စက်တင်ဘာလ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာကို စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးတစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ပါပုတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် မိုင်းတင်းအုပ်စု ပင်တီးကျေးရွာကို စစ်ကော် မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA