ရေး၊ စက်တင်ဘာ ၂၅
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စု ကုန်းပေါ်ရွာသစ်မှာ ဘောလုံးပွဲကြည့်နေချိန် ဘုန်း ကြီးကျောင်း အုတ်နံရံပြိုကျမှုကြောင့် ကျောင်းသားသုံးဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်ခန်လောက်မှာ ကုန်းပေါ်ရွာသစ် ဘုန်းကြီးကျောင်းအနီး ဘောလုံးကွင်းမှာ ကျေးရွာချင်းဖိတ်ခေါ် ဘောလုံးပွဲ လာကြည့်နေတဲ့သူတွေအပေါ် ဘုန်းကြီး ကျောင်း အုတ်နံရံပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
အုတ်နံရံပြိုကျမှုကြောင့် အသက် ၁၃ ၊ ၁၄ နှစ်အရွယ် ကျောင်းသားတွေဖြစ်တဲ့ မောင်ခန့်လှိုင်ဘွား၊ မင်းအမ်ထက်ဇော်၊ မောင်လျှံပြည့်လင်းတို့ သေဆုံးခဲ့ပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသားနှစ်ဦးကို လမိုင်းဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အုတ်နံရံပြိုကျမှုဟာ နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် အောက်ခံမြေပျော့ပြီး ပြိုကျသွားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အုတ်နံရံပြိုကျမှုကြောင့် သေဆုံးသွားတဲ့ ကျောင်းသား သုံးဦးကိုတော့ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျေးရွာသုသာန်မှာ သဂြိၤုဟ်လိုက်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ