qနယူးယောက်၊ စက်တင်ဘာ ၂၄

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်တွေနဲ့ နိုင်ငံစုံ အဖွဲ့အစည်းတွေအပေါ် နှစ်ဆတိုး ဝေဖန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ စက်တင်ဘာ ၂၃ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ရာသီဥတု ပြောင်းလဲမှုကို ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး လူလိမ် အလုပ်အဖြစ် ပယ်ချ ပြောဆိုလိုက်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ အမှန်တကယ် ဖြစ်ပွားနေပြီး အများစုဟာ လူသားတွေကြောင့် ဖြစ်ရတာ ဖြစ်သလို ပိုမိုဆိုးရွားလာနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

အပူချိန် မြင့်တက်လာတာ၊ မုန်တိုင်းတွေ ပိုမိုပြင်းထန်လာတာ၊ ရေခဲထု အရည်ပျော်တာတွေဟာ ရာသီဥတု ပြောင်းလဲမှုရဲ့ ထင်ရှားတဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြထားတာပါ။

အရေးယူဆောင်ရွက်ဖို့ အရမ်းအကြာကြီး စောင့်နေမယ်ဆိုရင် ကမ္ဘာနဲ့ လူသားတွေအတွက် ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်လို့ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

ကုလသမဂ္ဂမှာ တစ်နာရီနီးပါးကြာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ထရန့်က ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ မိနစ် အနည်းငယ် ပြောကြားခဲ့ပြီး ကာဗွန်ထုတ်လုပ်မှုကို လျှော့ချတဲ့အတွက် ဥရောပသမဂ္ဂကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

အီးယူအနေနဲ့ ကာဗွန် ထုတ်လုပ်မှု လျှော့ချလိုက်တာကြောင့် စီးပွားရေး ထိခိုက်နေရတယ်လို့ ထရန့်က ပြောဆိုပြီး ပြည့်ဖြိုးမြဲစွမ်းအင်တွေအတွက် အများကြီး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေ စီးပွားရေး ထိခိုက်နိုင်တယ်လို့ သတိပေးပါတယ်။

မကြာခဏဆိုသလို မကောင်းတဲ့ အကြောင်းရင်းတွေအတွက် ကုလသမဂ္ဂနဲ့ တခြား အဖွဲ့အစည်းတွေ အများကြီး ထုတ်ပြန်ထားတဲ့ ဟောကိန်းတွေအားလုံး မှားတယ်လို့ ထရန့်က ဆိုတာပါ။

ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက် ထရန့်က အမေရိကန်ကို ၂၀၁၅ ပါရီ ရာသီဥတု သဘောတူညီမှုကနေ နုတ်ထွက်စေခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ အပူချိန်ကို ၁ ဒသမ၅ ဒီဂရီ ဆဲလ်စီးယပ်ထက် မပိုအောင် ထိန်းသိမ်းထားရေး နိုင်ငံပေါင်း ၁၉၅ နိုင်ငံက သဘောတူခဲ့ကြတဲ့ အဲဒီစာချုပ်မှာ အီရန်၊ ယီမင်နဲ့ လစ်ဗျားတို့လောက်ပဲ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ထရန့် အစိုးရက ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို ဘေးဖယ်ထားပြီး နျူကလီးယား စွမ်းအင်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ထုတ်လုပ် တင်ပို့မှုကို အဓိကထားပြီး စွမ်းအင်ဆိုင်ရာ ကြီးစိုးနိုင်ရေး ကြိုးပမ်းနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.