September 21, 2025

စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ်

ချောင်းဆုံ၊ စက်တင်ဘာ ၂၁ အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ သူရဲ့ ဇာတိမြေဖြစ်တဲ့ ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။ ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ ဦးအောင်ကြည်သိန်းဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီလို့ လူသိများတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌလည်း…