မုန်း၊ စက်တင်ဘာ ၅

ပဲခူးတိုင်း မုန်းမြို့နယ် ငထွေစုတ်ကျေးရွာနဲ့ ရေလဲကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဂြောာင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်ကနေ တိုက်ပွဲမရှိဘဲ ရေလဲကျေးရွာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ခြောက်လုံးထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကြောင့် ရေလဲအရှေ့ဘက်ကမ်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ် စောဖါးလါးမူး ထိမှန်သေဆုံးခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ဦးအောင်သိန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ငထွေစုတ်ကျေးရွာထဲ လက်နက်ကြီး ပစ် ခတ်ခဲ့တဲ့အတွက် အသက် ၆၂ နှစ်အရွယ် ဒေါ်ဆန်းတင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ နေ့စဉ်လိုလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အရပ်သားပြည်သူ လူထုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.