ထားဝယ်၊ စက်တင်ဘာ ၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ စစ်ကော်မရှင်ရဲ့ မေတ္တာနယ်မြေရဲစခန်းက ဒုရဲအုပ်တစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA က ထုတ်ပြန်ပါတယ်။
မေတ္တာနယ်မြေရဲစခန်းရှိ ထားဝယ်ခရိုင်ရဲမှူးရုံးက ဒုရဲအုပ် ကိုသန်းနိုင်ထွန်းဟာ စစ်ကော်မရှင် လက်အောက်မှာ တာဝန်မထမ်းဆောင် လိုတော့တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။
ကိုသန်းနိုင်ထွန်းဟာ အလင်းဝင်လာတဲ့အချိန် G3 သေနတ်တဈလက်၊ ကျဉ်ဘောက်နှစ်ခု၊ ကျည်ဆံ ၂၀၀ ကျော်နဲ့အတူ အလင်းဝင်လာတာကြောင့် ဆုကြေးငွေ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ခဲ့တယ်လို့ DNLA က ဆိုထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ ထိုင်း -မြန်မာနယ်စပ်ရှိ စခန်းတွေ မကျဖို့အတွက် စစ်အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကလည်း ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးရမိခဲ့တယ်လို့ နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – DNLA