မွန်ပြည်နယ်က နိုင်ငံရေးပါတီတချို့ ပါတီထဲဝင်ကြဖို့ လိုက်လံစည်းရုံးနေ
မော်လမြိုင် ၊ ဇူလိုင် ၂ မွန်ပြည်နယ်မှာ စစ်ကောင်စီ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ပြည်သူတွေအနေနဲ့ သူတို့ပါတီတွေထဲ ဝင်ရောက်ကြဖို့ လိုက်လံစည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီထံကနေ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ရရှိထားတဲ့ နိုင်ငံရေးပါတီတချို့ဟာ ဒေသခံပြည်သူတွေကို မတ်လုံးပေး စည်းရုံးတာ၊ ရွေးကောက်ပွဲအလွန် ပါတီဝင်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ်ဆိုပြီး ပါတီထဲ…