နေပြည်တော်၊ ဇူလိုင် ၃၁
စောင့်ကြည့်ထောက်လှမ်းမှုနဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာ စစ်ကောင်စီဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဒီဂျစ်တယ် မှတ်ပုံတင် စနစ်အတွက် တရားဝင် လက်တွဲဖော်တွေနဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာ့ ဒီဂျစ်တယ် မှတ်ပုံတင်စီမံကိန်းအတွက် အိန္ဒိယနဲ့ မြန်မာတို့ နေပြည်တော်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး လက်တွဲဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြကြိုင်နဲ့ အိန္ဒိယသံအမတ်ကြီး အက်ဖ်ဟေး တာကာတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြပြီး အိန္ဒိယက နည်းပညာဆိုင်ရာ ဗဟုသုတ၊ စည်းမျဉ်း ဥပဒေဆိုင်ရာ၊ လုပ်ငန်းစဉ်ဆိုင်ရာ ကျွမ်းကျင်မှုတို့ကို ဝေမျှ ပေးသွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
စစ်ကောင်စီက စောင့်ကြည့် ထောက်လှမ်းရေးနဲ့ ဖိနှိပ်ရေးအတွက် ဒီဂျစ်တယ် မှတ်ပုံတင်စနစ်ကို အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ စွပ်စွဲခံနေရပါတယ်။
ဒီစနစ်ဟာ CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းဟောင်းတွေကို အရေးယူနိုင်ရေး အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့လည်း အများက ပြောဆိုနေကြပါတယ်။
CDM ဝန်ထမ်းတွေကို ဖမ်းဆီးမှာ ဖြစ်ကြောင်း ဝရမ်းထုတ်လိုက်ပြီးနောက် မှတ်ပုံတင်အတုတွေနဲ့ ပြည်ပကို ထွက်ပြေးသူတွေ ရှိတယ်လို့ မြန်မာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။
Ref: Biometricupdate.com/