ကျောက်မဲ၊ ဇူလိုင် ၁၂
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဇူလိုင် ၁၁ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေ ယာဉ်တစ်စီးနဲ့ ကျောက်မဲမြို့က ကော်လီဟိုတယ်၊ မြို့မရဲစခန်းနဲ့ ခရိုင်ရဲရုံးတို့ကို ဗုံးသုံးလုံးလာရောက်ကြဲချသွားတာပါ။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးနဲ့ အ မျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အလားတူ ဇူလိုင် ၁၀ ရက်နေ့ကလည်း မိုးကုတ်မြို့ ပန်မထိပ်ရွာ ဗုံးကြဲခံရတာကြောင့် ကလေးငယ် နှစ်ဦး သေဆုံးပြီး အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အခုနှစ်ပတ်အတွင်း TNLA ထိန်းချုပ်ထားတဲ့ မြို့လေးမြို့ကို ခုနှစ်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ခြောက်ဦး သေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA