ရေး ၊ ဇူလိုင် ၈
မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ် ၃၁၆ အမြောက်တပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအမြောက်တပ်ကို မနေ့ ဇူလိုင် ၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးမဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ထိခိုက်ပျက်စီးမှုကို အသေးစိတ်မသိရသေးပေမယ့် တော် လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ စစ်ရေးမဟာမိတ်ဖြစ်တဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF ဒေါနတပ်ရင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေးအခြေစိုက် အမြောက်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF