June 17, 2025

စစ်အာဏာသိမ်း (၁၅၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၈ AAPP ရဲ့ ဇွန်၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၈) ရက်အတွင်း ပြည်သူ (၆၈၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်နယ်က စစ်မှုထမ်းအပတ်စဉ် ၁၄ မှာ လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် ဖမ်းဆီးခံရသူတွေ ပါဝင်

မော်လမြိုင် ၊ ဇွန် ၁၈ မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွင့်လှစ်တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ အတွက် လူသစ်စု ဆောင်းခံရသူတွေထဲမှာ တရားမဝင် လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် ဖမ်းဆီးခံရသူတွေ ပါဝင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၄ ကို သူတို့ထိန်းချုပ်ထားနိုင်တဲ့ တိုင်းစစ်ဌာန ချုပ်…

ဘားအံထောင်မှာ ထောင်ဝင်စာ ပါဆယ်ပစ္စည်းပို့သူတချို့ ဖမ်းဆီးငွေညှစ်ခံနေရ

ဘားအံ၊ ဇွန် ၁၈ ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ အကျဉ်းသားတွေအတွက် ထောင်ဝင်စာ ပါဆယ်ပစ္စည်း ပို့ဆောင်သူတချို့ ဖမ်းဆီးငွေညှစ်ခံနေရတယ်လို့ ထောင်ဝန်ထမ်းတွေနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ထောင်ဝင်ပါဆယ်ပစ္စည်းတွေမှာ ကန့်သတ်ပစ္စည်း ပါဝင်တာ၊ မူးယစ်ဆေးဝါးတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။ အဲဒီလို ငွေညှစ်ခံရတဲ့သူတွေထဲမှာ မိသားစုဝင်တွေအပါအဝင် တဆင့်ခံ ပါဆယ်ပစ္စည်း ပို့ဆောင်ပေးတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေလည်း ပါဝင်နေတယ်လို့…

ရေးမှာ PDF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖမ်းဆီးခံရ

ရေး၊ ဇွန် ၁၈ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာမှာ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF ကနေ ထုတ် ပယ်ထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ YPDF ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ အသက် ၄၀ အရွယ် YPDF တပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့…

တရုတ်နိုင်ငံသားတွေ အစ္စရေးကနေ အမြန်ဆုံး ထွက်ခွာကြဖို့ တရုတ်သံရုံး သတိပေး

တယ်လ်အဗစ်၊ ဇွန် ၁၇ အစ္စရေးနဲ့အီရန်တို့ ပြင်းပြင်းထန်ထန် အပြန်အလှန် တိုက်ခိုက်နေမှုကြောင့် အစ္စရေးရှိ တရုတ်နိုင်ငံသားတွေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တယ်လ်အဗစ်မြို့ရှိ တရုတ်သံရုံးက ဇွန် ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးရှိ တရုတ်နိုင်ငံသားတွေအနေနဲ့ ကုန်လမ်းထွက်ပေါက်တွေကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တရုတ်သံရုံးက WeChat မှာ ကြေညာပါတယ်။ ဂျော်ဒန်နိုင်ငံဖက်ကို ထွက်ခွာကြဖို့လည်း…

အပစ်ရပ်ရေး အစ္စရေးအား တွန်းအားပေးဖို့ ထရန့်ကို အီရန် တိုက်တွန်း

တီဟီရန်၊ ဇွန် ၁၇ အီရန်ရဲ့ အကြီးမားဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့က ဖော်ပြထားပြီး အီရန် နိုင်ငံပိုင် ရုပ်သံလိုင်းအား အစ္စရေးက ဇွန်လ ၁၆ရက်က တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်က ဝေဟင် စစ်ပွဲ အပစ်အခတ်ရပ်စဲရေး တွန်းအားပေးဖို့ အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။ အီရန်ရဲ့…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး

ကျောက်ကြီး၊ ဇွန် ၁၇ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နွားရေချောင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ နွာရေချောင်းကျေးရွာထဲကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်…

ဆီဆိုင်မြို့နယ် တပူးထိုးရွာကို PNO ပြည်သူ့စစ်မီးတင်ရှို့

ဆီဆိုင်၊ ဇွန် ၁၇ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပူးထိုးကျေးရွာမှာ PNO ပြည်သူ့စစ်တွေက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် PNLA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုးကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ ညပိုင်းမှာ တပူးထိုကျေးရွာအတွင်းရှိ…

စစ်အာဏာသိမ်း (၁၅၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၇ AAPP ရဲ့ ဇွန်၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၇) ရက်အတွင်း ပြည်သူ (၆၈၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၈၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ်ရေးဆွဲဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ဆုံးဖြတ်

မော်လမြိုင် ၊ ဇွန် ၁၇ မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ် ရေးဆွဲသွားဖို့ တတိယအကြိမ် ညီလာခံကနေ ဆုံးဖြတ်လိုက်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ထံကနေ သိရပါတယ်။ မွန်ပြည်နယ် ၁၀ မြို့နယ်ကို အခြေပြုပြီး ရည်ရွယ်ချက်တူ ဘဝတူ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ်ကို ရေးဆွဲသွားဖို့ ဇွန် ၁၅ ရက်နေ့…