အိုးဘို၊ ဇွန် ၁၄

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် CDM အလယ် တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ထောင်းတွင်းဆေးဝါးမှု လုံလောက်စွာ မရရှိတာကြောင့် ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်မြင့်မြင့်သန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မတရားဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး တီဘီရောဂါအခံရှိကာ ဆေးဝါးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒေါ်မြင့်မြင့်သန်းဟာ ရောဂါပြင်းထန်လာချိန် ထောင်အာဏာပိုင်တွေထံ ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမယ့် ကုသပေးခြင်းမရှိဘဲ ဆေးအပြင်းသွင်းနေရပြီး သွေးကြောပေါက်ချိန် အ ချိန်မီဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ အင်အားပြင်းငလျင်လှုတ်ခတ်ပြီးနောက်ပိုင်း အိုးဘိုအကျဉ်းထောင်ရှိ အဆောင်တွေ ပြိုကျပျက်စီးခဲ့တာကြောင့် အသက် ၅၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးမော်တူးဟာ ဦးခေါင်းနဲ့ လည်းပင်တွေမှာ ပြင်းထန်ဒဏ်ရာ ရရှိတာခဲ့ပြီး ဆေးဝါးကုသစရိတ် မလုံလောက်တာကြောင့် ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ကလည်း ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.