ဆိုးလ် ဇွန် ၁၄
ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် မြန်မာဒုက္ခသည် ၄၀ ဦးကို ယန်ယန်းဒေသသို့ ပြောင်းရွှေ့နေရာချထားမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တောင်ကိုရီးယားအရာရှိတွေက ဇွန် ၁၂ ရက်မှာ ကြေညာပါတယ်။
ထိုင်းဒုက္ခသည်စခန်းရှိ မြန်မာဒုက္ခသည် ၄၀ ဦးကို ကနဦးအနေနဲ့ ဆိုးလ်မြို့ရဲ့ အရှေ့တောင်ဖက် ၁၃၂ မိုင်အကွာရှိ အဲဒီဒေသမှာနေရာချထားဖို့ တောင်ကိုရီးယားအရာရှိတွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဒေသမှာ နေထိုင်သူနည်းပါးလွန်းတာကြောင့် တောင်ကိုရီးယားအရာရှိတွေက အခုလိုမျိုး စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက နိုင်ငံခြားအကူအညီတွေ ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ဆေးမကုနိုင်တော့ဘဲ သေဆုံးသွားရတဲ့ မြန်မာဒုက္ခသည် တချို့ ရှိနေပါတယ်။
တောင်ကိုရီးယားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်တွေအပေါ် ကာကွယ်ပေးရေး သတ်မှတ်ချက်အတိုင်း မတ်လကစတင်ပြီး မြန်မာဒုက္ခသည်တွေကို စမ်းသပ် ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဒုက္ခသည်တွေကို လက်ခံရင် ဥရောပမှာလို ရာဇဝတ်မှုတွေ ပိုများလာမှာ၊ ဒေသခံတွေ လုံခြုံရေး စိုးရိမ်စရာတွေ ဖြစ်လာမှာကို ယန်ယန်းဒေသခံ တချို့ စိုးရိမ်နေကြတာဖြစ်ပါတယ်။
Ref:DVB